Sat 24 November, 2018

ပါတီ ၂၇ ခု၏အစိုးရအပေါ် ကြေညာချက် CEC သဘောတူညီခြင်းရှိ၊ မရှိ အကြောင်းကြားရန် ကော်မရှင်ညွှွန်ကြား

တည်ငြိမ်ရေးနှင့် စီးပွား ရေးကောင်းလာရန် အစိုးရက ဖြေ ရှင်းပေးရေး ပူးတွဲထုတ်ပြန်သည့် နိုင်ငံရေးပါတီ ၂၇ ခု၏ ထုတ်ပြန် ချက်တွင် သက်ဆိုင်ရာပါတီအသီး သီးမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ကြိုတင်သဘောတူ ညီဆုံးဖြတ်မှုဖြင့် ဆောင်ရွက်ခဲ့ ခြင်းရှိ၊ မရှိ ကော်မရှင်သို့ တင်ပြ ရန် အောက်တိုဘာ ၂၃ ရက်၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၃၀ ရက်တွင် လက်ရှိအစိုးရတာဝန်ရှိသူများက ပြည်သူလူထု၏ လက်တွေ့ဘဝ တွင် စီးပွားရေးကျဆင်းခဲ့မှုနှင့်အ တူ ယင်းနှင့်ဆက်စပ်၍ လူမှုဘဝ မလုံခြုံမှုများ ဖြစ်ပေါ်ခံစားနေရသ ဖြင့် ယခုထက် ပိုမိုတည်ငြိမ်အေး ချမ်း၍ စီးပွားရေးဖွံ့ဖြိုးတိုးတက် စေပြီး လက်တွေ့ပါသည့်ရလဒ် များဖြစ်ပေါ်အောင် အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးရန် ပူးတွဲ သဘောထား ကြေညာချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီ ၂၇ ခုက ပူးတွဲကြေညာချက်တစ် စောင်ပေးပို့ခဲ့သည်။

သို့သော် အဆိုပါသဘော ထားကြေညာချက်သည် ပါတီနှင့်သက်ဆိုင်ခြင်း မရှိကြောင်း ကြေညာချက်စာတမ်းတွင် ပါဝင်ခဲ့ သည့် လမ်းပြကြယ်ပါတီမှ ဗဟို ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ က ကော်မရှင်သို့ တင်ပြခဲ့သည်။ ပါတီ၏မူဝါဒနှင့် စည်းကမ်းချက် များကို ကျော်လွန်၍ လုပ်ဆောင် နေသော ပါတီဝင်အား ဗဟိုအလုပ် အမှုဆောင်ကော်မတီ၏ဆုံးဖြတ် ချက်နှင့်အညီ ပါတီမှ အရေးယူ ထုတ်ပယ်မည်ဟု လမ်းပြကြယ် ပါတီဗဟိုကော်မတီက ပြည် ထောင်စု ရွေးကောက်ပွဲကော်မ ရှင်သို့ တင်ပြခဲ့ကြောင်း ကော်မရှင် ထုတ်ပြန်စာတွင် ရေးထားသည်။

‘‘ပါတီအတွင်း ရေးဖြစ်တဲ့ ကိစ္စကို ကော်မရှင်အနေနဲ့ ထုတ် ပြန်စရာမလိုဘူးလို့ ယူဆတယ်။ ဒါက ပါတီအတွင်းရေးဖြစ်တဲ့ ကိစ္စ။ ကော်မရှင်အနေနဲ့ ဒီလိုမ ထုတ်ပြန်သင့်ဘူးလို့ ယူဆတယ်’’ ဟု လမ်းပြကြယ်ပါတီပြောရေး ဆိုခွင့်ရှိသူ ဦးထွန်းနိုင်က ပြော သည်။

မဟာမိတ်တောင်သူလယ် သမားပါတီကလည်း ပါတီဥက္ကဋ္ဌ ဦးဆန်းလင်းသည် နိုင်ငံရေးပါတီ ၂၇ ခုပူးတွဲသဘောထားကြေညာ ချက်ထုတ်ပြန်ရာ၌ ပါတီတွင်းဗဟို အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး သဘောတူညီချက် ရယူဆောင် ရွက်ခဲ့ခြင်းမရှိဘဲ ၎င်းတစ်ဦးတည်း သဘောဆန္ဒအရ လက်မှတ်ရေး ထိုးခြင်းဖြစ်၍ ပါတီ၏ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များနှင့် မသက်ဆိုင်ကြောင်း၊ ထိုလုပ် ဆောင်ချက်ကို ပါတီမှ အသိအ မှတ်မပြု ကန့်ကွက်ပါကြောင်း ရွေးကောက်ပွဲကော်မရှင်သို့ တင် ပြခဲ့သည်။

‘‘ပါတီရဲ့ ဗဟိုကော်မတီက ဟိုဘက်ရှစ်ယောက်၊ ဒီဘက်ရှစ် ယောက်ကွဲနေတယ်။ ဒါကို တိုင် တာက ဒုဥက္ကဋ္ဌက ဥက္ကဋ္ဌကိုယ်စား ဆိုပြီး တိုင်တယ်။ တချို့နေရာ တွေမှာ အစည်းအဝေးတစ်ခုမှာ ဥက္ကဋ္ဌသဘောနဲ့ ဆောင်ရွက်ရ မယ့်ကိစ္စတွေရှိပါတယ်။ အဲဒီ တော့ ကော်မရှင်ကို ဘာအ ကြောင်းပြန်မလဲဆိုတော့ ကျန်တဲ့  ပါတီဗဟိုကော်မတီရှစ်ယောက် အနေနဲ့ကတော့ ဥက္ကဋ္ဌသည် မှန်တယ်။ နိုင်ငံတော်ကို အကျိုး ပြုတဲ့ တိုက်တွန်းနှိုးဆော်ချက်ပဲ ဖြစ်တဲ့အတွက်ကြောင့် ကျွ န်တော် တို့ ကျန်တဲ့ဗဟိုအလုပ်အမှု ဆောင်အဖွဲ့က ထောက်ခံပါတယ် ဆိုတဲ့စာ ပြန်တင်ပေးမယ်’’ဟု မဟာမိတ်တောင်သူလယ်သမား ပါတီဥက္ကဋ္ဌ ဦးဆန်းလင်းက ပြော သည်။

 နိုင်ငံရေးပါတီ ၂၇ ခုမှ ပူးတွဲ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည့် ပါတီများအနေ ဖြင့် သက်ဆိုင်ရာ ပါတီအသီးသီးမှ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ကြိုတင်သဘောတူ ညီဆုံးဖြတ်မှုဖြင့် ဆောင်ရွက်ခဲ့ ခြင်း ရှိ၊ မရှိနှင့် သဘောတူညီမှုရှိပါ က သဘောတူဆုံးဖြတ်ခဲ့သည့် အ စည်းအဝေးမှတ်တမ်းတို့ကိုလည်း ကောင်း၊ သဘောတူဆုံးဖြတ်ချက် မရှိခဲ့လျှင် မရှိကြောင်းကိုလည်း ကောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သို့ နိုဝင်ဘာ ၁ ရက်အရောက် ပြန်လည်တင်ပြရန် နိုင်ငံရေးပါတီများသို့ အကြောင်း ကြားထားကြောင်း ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲကော်မရှင်က ယခုကဲ့သို့ ကိစ္စကို အဆောတလျင် ဆောင်ရွက်ပြီး အနိုင်ရပါတီကိစ္စ နှင့်ပတ်သက်ပြီး တင်ပြချက်တွင် တွန့်ဆုတ်နေမှုများရှိနေကြောင်း ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။

‘‘ဒီကိစ္စကို ကျွန်တော်တို့နိုင် ငံရေးပါတီတွေနဲ့ ပြန်လည်အ စည်းအဝေးလုပ်ပြီးတော့ ဆောင် ရွက်သွားမှာပါ’’ဟု ၎င်းက ပြော သည်။

http://www.7daydaily.com/story/140178

Credit: 7Day Daily