Sat 24 November, 2018

တိုက်ပွဲဖြစ်ပွားမှုကို RCSS ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေဟု PNLO ခေါင်းဆောင်ပြောကြား
PNLO တပ်ရှိရာ ဒေသသုံးခု၌ RCSS တပ်ဖွဲ့ဝင် ၄၀၀ ကျော်ဖြင့် စစ်ရေးလှုပ်ရှား

 ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကို RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်နှင့် တွေ့ ဆုံဆွေးနွေးရန် စီစဉ်နေသည်ဟု PNLO ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

NCA လက်မှတ်ထိုးထား သည့် RCSS နှင့် PNLO တို့သည် အောက်တိုဘာ ၁၆ ရက်က ရှမ်း ပြည်နယ် မိုင်းပန်မြို့နယ် မန်ပီး ဒေသ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။ မိုင်းပန်မြို့နယ်အတွင်းရှိ နာရေး တစ်ခုသို့ PNLO တပ်ဖွဲ့ဝင်များ သွားရောက်ရာတွင် ယင်းဒေသရှိ RCSS တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ သည်။

‘‘အခု ကျွန်တော်တို့ အချင်း ချင်း ညှိနှိုင်းနေတယ်။ လကုန်ဆို ရင်တော့ RCSS ဥက္ကဋ္ဌနဲ့ တွေ့ဖို့ ရှိတယ်။ အဲဒီမှာ ထပ်ညှိတာပေါ့’’ ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြော သည်။

လက်ရှိတွင် RCSS တပ်ဖွဲ့ ဝင်များသည် PNLO တပ်ဖွဲ့ရှိ သည့် ကဒူးကြီးဒေသ၌ အင်အား ၂၅၀ ခန့်၊ တိုက်ပွဲဖြစ်ပွားရာ မိုင်း ပန်မြို့နယ်တွင် အင်အား ၁၀၀ ခန့်၊ လွိုင်လင်ခရိုင် လွယ်ခယ် ဒေသ၌ အင်အား ၁၀၀ ခန့်ဖြင့် လှုပ်ရှားနေသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

‘‘အောက်ခြေမှာတော့ ဒီလို ပဲ နည်းနည်းပါးပါး ထိခိုက်မှုဖြစ် ရင်တော့ စိတ်ခံစားမှုအရ ဟိုလှုပ် ဒီလှုပ်တော့ ဖြစ်တာပေါ့။ ဒါပေမဲ့ ပဋိပက္ခက ရေရှည်ဖြစ်ကောင်းတဲ့ အရာမဟုတ်ဘူးလေ။ နိုင်ငံရေး အရရော၊ စစ်ရေးအရရော ဘာမှ ဖြစ်ဖို့မလိုပါဘူး’’ဟု ၎င်းက ပြော ကြားသည်။

မိုင်းပန်ဒေသသို့ သွားရောက်သည့် PNLO တပ်ဖွဲ့သည် အင် အား ၂၀ ခန့်သာရှိပြီး တိုက်ပွဲဖြစ် ပွားစဉ်က ထိခိုက်ဒဏ်ရာ ရရှိသူတစ်ဦး ဒဏ်ရာသက်သာပါက ပြန်လည်ဆုတ်ခွာမည်ဟု ဆို သည်။

RCSS ဆက်ဆံရေးရုံးများ ညွှန်ကြားရေးမှူး ဒုဗိုလ်မှူးကြီး စိုင်းဦးက RCSS နှင့် PNLO ခေါင်းဆောင်များ တွေ့ဆုံနိုင်မည့် အခြေအနေကို မသိရသေးဟု ဆိုသည်။

RCSS တပ်ဖွဲ့ဝင်များ စစ် ရေးလှုပ်ရှားနေသည့် အခြေအနေ ကို မေးမြန်းရာ ၎င်းက ‘‘နဂို သူတို့လှုပ်ရှားတဲ့နေရာတွေပဲ လှုပ်ရှား တာပဲ နေမှာပါ’’ဟု ပြောသည်။

RCSS အနေဖြင့် စစ်ရေးပြ သည့် အနေအထားအမျိုးလုပ် ဆောင်ခြင်းမဟုတ်ဟု ၎င်းက ဆို သည်။

RCSS နှင့် PNLO တို့သည် ၂၀၁၄ ကလည်း မောက်မယ်မြို့ နယ် ကဒူးကြီးဒေသ၌ နယ်မြေ အငြင်းပွားမှုနှင့် ပတ်သက်ပြီး တိုက်ပွဲဖြစ်ပွားရာ လူထိခိုက်သေ ဆုံးမှု ရှိခဲ့သည်။ ထိုစဉ်က နှစ်ဖက် ခေါင်းဆောင်များ တွေ့ဆုံကာညှိနှိုင်းပြီးနောက် ပြေလည်မှု ရရှိခဲ့သည်။

http://www.7daydaily.com/story/140189

Credit: 7Day Daily