Sat 24 November, 2018

မြန်မာ-ထိုင်းနယ်စပ်ရှိ ဒုက္ခသည်များ နေရပ်ပြန်ရေး ပိုမိုထောက်ပံ့မည်ဟု TBC အစီရင်ခံစာဖော်ပြ
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဒုက္ခသည်များအတွက် ကြားကာလ အစီအစဉ်တစ်ရပ်လုပ်ဆောင်သင့်ဟု KRC ပြောကြား

 မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ဘေးဒုက္ခသည်စခန်းများတွင် နေထိုင်နေသူများ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေး ပိုမိုထောက်ပံ့မည် ဟု နယ်စပ်ဒေသ ကူညီစောင့် ရှောက်ရေးညွှန့်ပေါင်းအဖွဲ့ (TBC) ၏ ၂၀၁၈ နှစ်လယ်ခြုံငုံတင်ပြချက် အစီရင်ခံစာ၌ ဖော်ပြထားသည်။

ဒုက္ခသည်များ ဌာနေရင်းသို့ မိမိဆန္ဒအလျောက် ပြန်နိုင်ရန် UNHCR က ဒုက္ခသည်စခန်းတိုင်း တွင် ဌာနေပြန်သွားနိုင်ရေး အကျိုးဆောင်ဌာနများ ဖွင့်လှစ်မည်ဖြစ် ၍ ပြန်လိုသူများ စာရင်းပေးသွင်း နိုင်သည်ဟု ကြေညာထားသည်။ မြန်မာ-ထိုင်းနှစ်နိုင်ငံ အစိုးရအစီ

အစဉ်၊ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏ထောက်ပံ့ကူညီမှုဖြင့် နယ်စပ်ရှိ ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၁၆၃ ဦးကို ၂၀၁၆ နှစ်ကုန်ပိုင်း နှင့် ၂၀၁၈ နှစ်လယ်ပိုင်းတို့တွင် မြန်မာနိုင်ငံအတွင်း အခြေချနေ ထိုင်နိုင်ရန် တရားဝင်ပို့ဆောင် ပေးထားသည်။

‘TBC အဖွဲ့က UNHCR ကမကထပြုသည့်  မိမိဆန္ဒအ လျောက် အိမ်ပြန်ခြင်းကိုသာ အ ဓိကအိမ်ပြန်ရေးလုပ်ငန်းစဉ်အ ဖြစ် အလေးပေး ပြောဆိုနေခဲ့ သည်။ ဒုက္ခသည်များကို ဤလုပ် ငန်းစဉ်အသုံးပြုရန် တိုက်တွန်း ခဲ့ပြီး ယင်းနည်းအားဖြင့်သာ အိမ် ပြန်ကြသူများအတွက် ပိုမိုဘက်စုံ ထောက်ပံ့မှုများ ပြုပေးနိုင်မည်  ဖြစ်သည်’ ဟု TBC အစီရင်ခံစာ တွင် ရေးသားထားသည်။

UNHCR အဖွဲ့ကလည်း နေ ရပ်ပြန်သူများ ပြန်လည်အခြေ ချရာနေရာတွင် အသုံးပြုနိုင်ရန် ပေးအပ်သည့် ထောက်ပံ့မှုကို ခြောက်လမှ တစ်နှစ်သို့ တိုးမြှင့် ပေးရန်လည်း အလှူရှင်များထံ တိုက်တွန်းနေကြောင်း TBC က ဖော်ပြသည်။ ယခုနှစ်ကုန်ပိုင်း တွင် ၃၂၂ ဦးထပ်မံ နေရပ်ပြန်မည် ဟု ယူဆရကြောင်းလည်း ထည့် သွင်းဖော်ပြသည်။

လက်ရှိတွင် ဒုက္ခသည်ခေါင်း ဆောင်များက ရပ်ရွာ ခေါင်း ဆောင်များနှင့်ဆက်လက်၍ ညှိ နှိုင်းတိုင်ပင်နေပြီး ကရင်ပြည်နယ် နှင့် ကယားပြည်နယ်၊ အလားတူ တနင်္သာရီတိုင်းတို့တွင် အိမ်ပြန် ရေး ဖြစ်နိုင်ခြေရှိသည့် ဒေသများ အတွက် နည်းပညာပိုင်းဆိုင်ရာ မဟုတ်သည့် စစ်ဆေးလေ့လာမှု များ ဆောင်ရွက်နေကြောင်း TBC က ဆိုသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွင် ဒုက္ခသည်များနေရပ်ပြန်နိုင် ရေး ကြားကာလအစီအစဉ်တစ် ရပ် လုပ်ဆောင်သင့်သည်ဟု ကရင်ဒုက္ခသည်များ ကော်မတီ (KRC)အတွင်းရေးမှူး ဦးဘွယ် စေးက ပြောသည်။ ‘‘နိုင်ငံရေးအခြေအနေတွေကြောင့် ဒုက္ခသည်အရေးတွေ ရှိလာတာဖြစ်ပါတယ်။ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေ ဆောင်ရွက်နေဆဲကာလမှာ စိတ်ချရပြီဆိုရင် အစိုးရနဲ့ သက် ဆိုင်ရာ ဒေသမှာရှိတဲ့ တိုင်းရင်း သားတော်လှန်ရေးအဖွဲ့အစည်း တွေက ညှိနှိုင်းချက်နဲ့ ဒုက္ခသည်တွေ သူတို့မွေးရပ်မြေကို ပြန်နိုင်ဖို့ ကနဦးအစီအစဉ်လေး၊ ကြားဖြတ်အစီအစဉ်လေးလုပ်ပေးပြီး အေးချမ်းစွာ နေရပ်မှာ ပြန်လည် နေထိုင်နိုင်ဖို့ ဆောင်ရွက်ရင် အ ကောင်းဆုံးပါ’’ ဟု ၎င်းက ဆို သည်။

စားနပ်ရိက္ခာပြဿနာ၊ မြေ နေရာချထားရေး၊ အိမ်ပြန်မည့်နေ ရာများတွင် အခြေခံအဆောက် အအုံများ ကင်းမဲ့နေခြင်း၊ နိုင်ငံ သားအခွင့်အရေးဆိုင်ရာ ကိစ္စများ သေချာရေရာမှု မရှိသေးခြင်းတို့ ကလည်း ဒုက္ခသည်များ အိမ်ပြန် ရေး စိုးရိမ်ပူပန်ဖွယ်ကိစ္စများ ဖြစ် ကြောင်း TBC က ဖော်ပြသည်။

‘‘လူထုများအတွက် မရှိမ ဖြစ်လိုအပ်သည့် ဝန်ဆောင်မှုများ ကူညီပေးနိုင်ရန် နယ်စပ်ဒေသ ကူညီမှုပေးရေး ညွန့်ပေါင်းအဖွဲ့ အနေဖြင့် ၂၀၁၉ အတွက် ကန်ဒေါ်လာ ၁၇ သန်းခန့် ရှာဖွေနေပါ သည်။ အနာဂတ်အတွက် မရေရာ မှုများနှင့်အတူ မြန်မာနိုင်ငံသို့ အိမ်ပြန်နိုင်သည့်နည်းလမ်းများ၊ သို့မဟုတ် ထိုင်းနိုင်ငံသို့ ပေါင်းစည်း ဝင်ရောက်ခြင်း စသည့် နည်းလမ်း များကို ပိုမိုဖော်ဆောင်ရန် လိုအပ် ပါသည်’’ဟု ဖော်ပြသည်။

တပ်မတော်နှင့် ကရင်တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ (KNU)တိုက်ပွဲများကြောင့် မြန် မာ-ထိုင်းနယ်စပ်တွင် ၁၉၇၅ က တည်းက စစ်ဘေးဒုက္ခသည်များ ရောက်ရှိနေပြီး ၁၉၈၈ နောက် ပိုင်း ဒုက္ခသည်အများဆုံးရောက်ရှိ ကြောင်း ဦးဘွယ်စေးက ပြော သည်။ ထို့အပြင် တပ်မတော်နှင့် ကရင်နီ(ကယား) လက်နက်ကိုင် အဖွဲ့ တိုက်ပွဲများကြောင့် မြန်မာ-ထိုင်းနယ်စပ်စခန်းများတွင် ယင်း ကာလဝန်းကျင်၌ ဒုက္ခသည်ခိုလှုံ မှုများရှိခဲ့သည်။

လက်ရှိတွင် မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက် ကရင်ဒုက္ခ သည်စခန်း ခုနစ်ခုနှင့် ကရင်နီ (ကယား)ဒုက္ခသည်စခန်းနှစ်ခု စုစု ပေါင်းစခန်းကိုးခု၌ မြန်မာဒုက္ခ သည် ၉၂,၀၀၀ ကျော် ခိုလှုံနေပြီး အများစုသည် ကရင်၊ ကရင်နီ (ကယား)၊ ဗမာနှင့် မွန်တိုင်းရင်း သားများဖြစ်ကြောင်း နယ်စပ်ဒေ သကူညီပေးရေးညွန့်ပေါင်းအဖွဲ့ (TBC)အချက်အလက်များတွင် ဖော်ပြသည်။

http://www.7daydaily.com/story/140190

Credit: 7Day Daily