Sat 24 November, 2018

တိုင်းရင်းသားအဖွဲ့များ ရည်မှန်းချက်သည် အာဏာသိမ်းရန်မဟုတ်၍ တပ်မတော်တစ်ခုတည်းရှိရေးကိစ္စ ဆွေးနွေးရမည်ဟု KNU ဒုဥက္ကဋ္ဌပြော

 တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၏ ရည်မှန်း ချက်သည် နိုင်ငံတော်အာဏာ သိမ်းရန်မဟုတ်၍ တစ်ခုတည်း သော တပ်မတော်ကိစ္စအပါအဝင် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင် ရာ ကိစ္စများကို ဆွေးနွေးရမည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူး ဝင်းက ပြောကြားသည်။

သို့ရာတွင် နိုင်ငံရေးသဘော တူညီမှုရလဒ်များ ရရှိမှုအပေါ် မူတည်ပြီး လုံခြုံရေးဆိုင်ရာ ပြန် လည်ပေါင်းစည်းခြင်းကိစ္စများ အ ကောင်အထည်ဖော်မှုကို နောက် ဆုံးအဆင့်၌ ဆောင်ရွက်ရမည်ဟု ၎င်းက ဆိုသည်။

NCA တွင်လည်း နိုင်ငံရေး ဆွေးနွေးပွဲနှင့်အတူ လုံခြုံရေးဆိုင် ရာ ပြန်လည်ပေါင်းစည်းခြင်းကို ကြိုတင်ဆွေးနွေးရန် ပါရှိသည်ဟု ပဒိုစောကွယ်ထူးဝင်းက ပြော သည်။

NCA အခြေခံမူတွင် တိုင်း ရင်းသားလူမျိုးပေါင်းစုံ ပါဝင် သော ပြည်ထောင်စု တပ်မတော် ဆိုင်ရာကိစ္စကို နိုင်ငံရေးဆွေးနွေး ပွဲတွင် ဆွေးနွေးမည်ဟုပါရှိကြောင်း ၎င်းက ဆိုသည်။

‘‘မဆွေးနွေးလို့ မရဘူးလေ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ လက်နက်ကိုင်တိုက်ပွဲဝင်တာက နိုင်ငံတော်အာဏာသိမ်းဖို့လည်း မဟုတ်ဘူး။ နေပြည်တော် သိမ်း ဖို့လည်း မဟုတ်ဘူး။ ကျွန်တော် တို့က နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖြစ်တဲ့ ကိုယ့်အမျိုးသားတွေရဲ့နိုင်ငံရေးအခွင့်အရေးရဖို့အတွက်၊  နိုင်ငံရေးရည်မှန်းချက်အတွက်’’ ဟု ပဒိုစောကွယ်ထူးဝင်းက ပြော ကြားသည်။

နိုင်ငံရေးစနစ်တစ်ခု၏ ပုံစံ အပေါ် မူတည်ပြီး နိုင်ငံတော်ကာ ကွယ်ရေး ပုံစံ တည်ဆောက်ရမည်ဟု ၎င်းက ပြောသည်။

‘‘ကျွန်တော်တို့ နိုင်ငံရေးအရ သဘောတူညီမှုရပြီးရင် လက် နက်ကိုင်ပဋိပက္ခတွေ ထပ်မံဖြစ် ပွားစရာတော့ မလိုဘူးပေါ့။ ဘာ ဖြစ်လို့လဲဆိုတော့ လက်နက်ကိုင် တိုက်ပွဲဖြစ်ရတဲ့ အကြောင်းရင်း ကိုက နိုင်ငံရေးရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့အတွက် ပဲကိုး’’ဟု ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။

နိုင်ငံရေးဆွေးနွေးမှုများ လုပ်ဆောင်ရာတွင် တန်းတူမှု၊ တရား မျှတမှုနှင့် တစ်ဦးကိုတစ်ဦး အသိ အမှတ်ပြုမှုတို့ရှိမှသာ ဆွေးနွေးပွဲ များ အဆင်ပြေမည်ဟု ၎င်းက ပြောသည်။

စစ်ရေးပဋိပက္ခ ပြန်လည် ဖြစ်ပွားစေခြင်းမျိုးထက် နိုင်ငံရေး ရလဒ်များ ရရှိရေး ဦးတည်ဆောင် ရွက်ရန် ပဒိုစောကွယ်ထူးဝင်းက အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်း သားအဖွဲ့ ခေါင်းဆောင်အားလုံး ကို တိုက်တွန်းသည်။

KNU ၏ လက်နက်ကိုင်တပ် ဖွဲ့ဖြစ်သော KNLA စစ်ဦးစီးချုပ် နှင့် ဒုတိယစစ်ဦးစီးချုပ်တို့က လည်း တစ်ခုတည်းသော တပ် မတော်ကိစ္စနှင့် ပတ်သက်ပြီး ၎င်း တို့၏ သဘောထားအမြင်များကို ထုတ်ဖော်ပြောဆိုထားသည်။

လက်ရှိ အခြေအနေသည် အမှန်တကယ် ငြိမ်းချမ်းရေးမရ သေးသည့် အချိန်ဖြစ်၍ တပ် မတော်တစ်ခုတည်း ထားရှိရေး ကိစ္စသည် အချိန်မရောက်သေးဟု KNU/KNLA စစ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီး စောဂျော်နီက ပြော သည်။

KNU/KNLA ဒုတိယ စစ် ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲကလည်း နိုင်ငံရေး အာမခံချက် မရှိသေးသရွေ့ တပ် မတော်တစ်ခုတည်းဖြစ်ရေးကိစ္စ မဖြစ်နိုင်ဟု ပြောသည်။

တပ်မတော်တစ်ခုတည်း ဖြစ်လာစေရန် ဒီမိုကရေစီအစိုးရ သည် အမှန်တကယ် အာဏာရရှိ ရန် လိုအပ်သကဲ့သို့ တပ်မတော် သည်လည်း လူတစ်စု၏ အခွင့် အာဏာကို ကာကွယ်နေခြင်းမျိုး မဟုတ်ဘဲ ပြည်သူကို အကာအ ကွယ်ပေးသည့် တပ်မတော်ဖြစ် ရန် လိုအပ်ကြောင်း၊ အာဏာရှင် စစ်တပ်မဖြစ်ရန် လိုအပ်ကြောင်း ၎င်းကပြောသည်။

http://www.7daydaily.com/story/140263

Credit: 7Day Daily