Sat 24 November, 2018

တိုက်ပွဲဆက်လက် မဖြစ်ပွားရေး ကယားပြည်နယ်အစိုးရနှင့် KNPP ဆွေးနွေးမည်

 ကယားပြည်နယ်အစိုးရ နှင့် ကရင်နီအမျိုးသား တိုးတက် ရေးပါတီ(KNPP) ကိုယ်စားလှယ် အဖွဲ့တို့ အောက်တိုဘာ ၂၉ ရက် တွင် တွေ့ဆုံ၍ တိုက်ပွဲဆက်လက်မဖြစ်ပွားရေး ညှိနှိုင်းဆွေးနွေးမည် ဟု KNPP တွဲဖက်အတွင်းရေးမှူး ခူပလူးရယ်က ပြောသည်။

သို့ရာတွင် ဆွေးနွေးပွဲ၌ ဝန် ကြီးချုပ်နှင့် လုံနယ်ဝန်ကြီးတို့ တက်ရောက်ခြင်း ပြု၊ မပြု တုံ့ ပြန်မှုမရသေးဟု ၎င်းကပြောသည်။

တပ်မတော်စစ်ကြောင်းနှင့် KNPP တို့ အောက်တိုဘာ ၂ဝရက်က ဖားဆောင်းမြို့နယ် နန်း ကစ်ဒေသ၌ တိုက်ပွဲဖြစ်ပွားရာယင်းမှာ ခြောက်နှစ်အတွင်း ပထမဆုံးပြန်လည်ဖြစ်ပွားမှု ဖြစ်သည်။

‘‘ရှေ့ဆက် အဲဒီလိုတွေမဖြစ် အောင် တပ်ပိုင်းဆိုင်ရာ သွားလာ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ကျွန် တော်တို့ ပြောကြမယ်’’ဟု ခူပလူး ရယ်က ပြောသည်။

ထို့အပြင် တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘော တူစာချုပ်(NCA) လက်မှတ်ထိုး နိုင်ရေး အစိုးရငြိမ်းချမ်းရေးကော် မရှင်နှင့် KNPP ကိုယ်စားလှယ် အဖွဲ့ တွေ့ဆုံနိုင်ရေးကိစ္စကို ပြည်နယ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည်ဟု ၎င်းကဆိုသည်။

ကယားပြည်နယ်အစိုးရနှင့် KNPP တာဝန်ရှိသူများသည် ယခုနှစ် မေလကစ၍ လစဉ်ပုံမှန် တွေ့ဆုံခဲ့သည်။ ငြိမ်းချမ်းရေး ကော်မရှင်နှင့် KNPP ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တို့ ဧပြီက ပြုလုပ်သည့် လွိုင်ကော် ဆွေးနွေးပွဲတွင် ပြည်နယ်အဆင့်၌ ပုံမှန်တွေ့ဆုံရန် သ ဘောတူခဲ့ရာ စုစုပေါင်းငါးကြိမ် တွေ့ဆုံပြီးဖြစ်သည်။

ထိုသို့ တွေ့ဆုံရာတွင် ဆုံး ဖြတ်ပိုင်ခွင့်ရှိသော ခေါင်းဆောင် များဖြစ်သည့် ပြည်နယ်ဝန်ကြီး ချုပ်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီးတို့ တက်ရောက်ပေးရန် ယခုလဆန်း၌ ကျင်းပခဲ့သည့် ငါးကြိမ်မြောက် ပုံမှန်တွေ့ဆုံမှုတွင် KNPP က တင်ပြခဲ့သည်။

ပြီးခဲ့သည့် အစည်းအဝေး တွင် ပြည်နယ်အစိုးရဘက်က ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေး မှူး ဦးခင်မောင်ဝင်း ဦးဆောင် သည့်အဖွဲ့က တက်ရောက်ဆွေး နွေးခဲ့သည်။ လာမည့် ပြည်နယ် အစိုးရနှင့် KNPP တို့၏ ဆွေးနွေး ပွဲနှင့်ပတ်သက်ပြီး မေးမြန်းရန် ဦးခင်မောင်ဝင်းထံ ဆက်သွယ်ရာ အဆက်အသွယ် မရပေ။

http://www.7daydaily.com/story/140264

Credit: 7Day Daily