Fri 23 November, 2018

ပုသိမ်မြို့တွင် ငြိမ်းချမ်းရေးဖြစ်စဉ် ရှင်းလင်းတင်ပြခြင်းနှင့် စကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ်မည်

 ငြိမ်းချမ်းရေးဖြစ်စဉ်ကို လူထုထံရှင်းလင်းတင်ပြခြင်းနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အ စည်းများပါဝင်သောဆွေးနွေးပွဲ တစ်ရပ်ကို အောက်တိုဘာ ၂၉ ရက်မှ ၃၁ ရက်အထိ ပုသိမ်မြို့ တွင် ပြုလုပ်မည်ဖြစ်သည်။

ယင်းအခမ်းအနားကို ပြည် ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)နိုင်ငံ ရေးပါတီအစုအဖွဲ့က ဦးဆောင် ပြုလုပ်ခြင်းဖြစ်ကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးမင်းဇေ ယျာဦးက ပြောသည်။

အစီအစဉ်အရ ပထမနေ့ တွင် ဧရာဝတီတိုင်းရှိ နိုင်ငံရေး ပါတီများ၊ လူမှုရေးအဖွဲ့အစည်း များနှင့် ဆွေးနွေးခြင်း၊ဒုတိယနေ့ တွင် ငြိမ်းချမ်းရေးဖြစ်စဉ်ဆောင် ရွက်နေပုံ၊ လက်ရှိအခြေအနေ များကို လူထုထံရှင်းပြခြင်းနှင့် လူထုပါဝင်သောစကားဝိုင်း ဆွေး နွေးပွဲပြုလုပ်ခြင်း၊ တတိယနေ့၌ နိုင်ငံရေးပါတီအစုအဖွဲ့တွင်ပါဝင် သည့်ပါတီ ၂၃ ခုမှ ကိုယ်စား လှယ်များ၏ ပြန်လည်သုံးသပ် ခြင်းဆွေးနွေးပွဲတို့ ပြုလုပ်မည်ဖြစ် ကြောင်း ၎င်းကပြောသည်။

‘‘လူထုဆီက အသံတွေ လည်း ကျွန်တော်တို့နားထောင်ပါ တယ်။ ရတဲ့အသံတွေကိုလည်း ကျွန်တော်တို့ စုစည်းထားပါ တယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှု တွေအတွက် ကျွန်တော်တို့နိုင်ငံ ရေးပါတီအစုအဖွဲ့က တင်သွင်း တဲ့စာတမ်းမှာ ရထားတဲ့ဒီအချက် တွေကို ထည့်သွင်းစဉ်းစားတဲ့ သဘောပါ။ ပြည်သူ့အသံအနေနဲ့ က  ဒါကပိုထိရောက်ပါတယ်’’ ဟု UPDJC အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့်က ပြောသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာ လူထုရှင်းလင်းပွဲများကို ပြည်နယ် နှင့်တိုင်းအသီးသီးတွင် ပြုလုပ် ရန် UPDJC နိုင်ငံရေးပါတီအစုအ ဖွဲ့က စီစဉ်ဆောင်ရွက်နေကာ တနင်္သာရီတိုင်းနှင့် ကချင်ပြည် နယ်တွင် လူထုရှင်းလင်းပွဲများ ပြု လုပ်ထားသည်။

http://www.7daydaily.com/story/140102

Credit: 7Day Daily