Fri 23 November, 2018

သမ္မတဦးဝင်းမြင့်နှင့် မဏ္ဍိုင်သုံးရပ်တွေ့ဆုံပွဲ ပုသိမ်မြို့၌ ပြုလုပ်မည်

အောက်တုုိဘာ ၇ ရက်က မကွေးမြို့မဏ္ဍိုင်သုုံးရပ်တွေ့ဆုုံပွဲတွင် သမ္မတဦးဝင်းမြင့်ကုုိတွေ့ရစဉ် (ဓာတ်ပုံ − နိုင်ငံတော်သမ္မတရုံး)
 နိုင်ငံတော်သမ္မတဦး ဝင်းမြင့်သည် ဧရာဝတီတိုင်းဒေသ ကြီးရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့မှ တာဝန်ရှိသူများနှင့် အောက်တို ဘာ ၂၇ ရက်တွင်တွေ့ဆုံရန် စီစဉ်ထားကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့က ပြောသည်။

သမ္မတဦးဝင်းမြင့်နှင့် မဏ္ဍိုင် သုံးရပ်တွေ့ဆုံပွဲကို ပုသိမ်မြို့ မြို့တော်ခန်းမ၌ ပြုလုပ်မည်ဖြစ်ပြီး ယင်းခရီးစဉ်အတွင်း ပုသိမ်တံတားသစ်ပန္နက်တင် အခမ်းအနားနှင့် ရွှေသောင်ယံတံတားဖွင့်ပွဲ တက်ရောက်ရန် စီစဉ်ထားသည်။

 ‘‘နိုင်ငံအကြီးအကဲတစ် ယောက်ရဲ့ ဆောင်ရွက်မယ့်အစီ အမံတွေသိခွင့်ရမယ်။ နောက် တစ်ခါထိန်းကျောင်းမှုကို မြင်ရ မယ်ပေါ့။ ဒါတွေမျှော်လင့်ထား ပါတယ်’’ ဟု ဖျာပုံမြို့နယ်မဲဆန္ဒ  နယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက  နိုင်ငံတော်သမ္မတခရီးစဉ်အပေါ်မှတ်ချက်ပြုသည်။

 သမ္မတ ဦးဝင်းမြင့်သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွင် ပုသိမ်မြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အဖြစ်ရွေး ချယ်ခံရပြီး သမ္မတရာထူးရယူ ပြီးနောက်တွင် ၎င်းမဲဆန္ဒနယ် ဟောင်းသို့ ပထမအကြိမ်သွား  ရောက်မည့်ခရီးစဉ်ဖြစ်သည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ဦးဝင်းမြင့်သည် တာမွေမြို့နယ် ပြည်သူ့လွှတ် တော်ကိုုယ်စားလှယ်အဖြစ် ရွေး ချယ်ခံရသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဟောင်းဦးဝင်းမြင့်သည် ၂၀၁၈ မတ်လ ၃၀ ရက်တွင် နိုင်ငံတော် သမ္မတတာဝန်စတင်ထမ်းဆောင် ခဲ့ပြီး ထိုအချိန်ကစတင်၍ မဏ္ဍိုင် သုံးရပ်တွေ့ဆုံပွဲများကို ရှမ်းပြည်  နယ်၊ ပဲခူး၊ ရန်ကုန်၊ စစ်ကိုင်းနှင့်  မကွေးတိုင်းဒေသကြီးတို့တွင်ပြု လုပ်ခဲ့သည်။

http://www.7daydaily.com/story/140133

Credit: 7Day Daily