Fri 23 November, 2018

ဥရောပကော်မရှင်၏ အဖွဲ့နှစ်ဖွဲ့ပေါင်း၍ မြန်မာနိုင်ငံသို့ ယခုလကုန် လာရောက်မည်
အီးယူက ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးများ ရုပ်သိမ်းပါက သာမန်ပြည်သူများထိခိုက်မည်ဟု ဝန်ကြီးဦးကျော်တင်ပြော

ဥရောပကော်မရှင်၏ နုုိင်ငံတကာရေးရာအဖွဲ့နှင့် ကုုန်သွယ်ရေးရာအဖွဲ့တုုိ့ ပူးပေါင်း၍ ယခုုလကုုန်တွင် မြန်မာနုုိင်ငံသုုိ့ လာရောက်မည်ဖြစ်ကြောင်း  နုုိင်ငံခြားရေးဝန်ကြီးဌာန၊ နုုိင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစုုိးဟန်က ပြောသည်။

  ဥရောပကော်မရှင်၏ အ ထက်ပါ  အဖွဲ့နှစ်ဖွဲ့ပါဝင်သော ကုုိယ်စားလှယ်အဖွဲ့သည် အောက်တုုိဘာ ၂၈ ရက်တွင် ရန်ကုုန်မြို့သုုိ့ ရောက်ရှိမည်ဖြစ်ပြီး ၃၀ ရက်တွင် နေပြည်တော်၌ စီးပွားကူးသန်း ရောင်းဝယ်ရေးဝန်ကြီး၊ အလုုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး၊ အပြည်ပြည်ဆုုိင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး စသည့် ပြည်ထောင်စုုဝန်ကြီးများနှင့် တွေ့ဆုုံရန် စီစဉ်ထားသည်။

အဆုုိပါ ကုုိယ်စားလှယ်အဖွဲ့ သည် ရန်ကုုန်မြို့၌ သံတမန် အသုုိင်းအဝိုင်း၊ အထည်ချုပ် လုုပ်ငန်းရှင်များနှင့် သီးခြားစီတွေ့ဆုုံရန် ရှိနေသည်။

အထက်ပါ ခရီးစဉ်သည် မြန်မာနုုိင်ငံအပေါ် ဥရောပသမဂ္ဂ က ပေးအပ်ထားသော ကုုန်သွယ်ရေးဆုုိင်ရာ အထူးအခွင့်အရေးကုုိ ပြန်လည်ရုုပ်သိမ်းခြင်း၊ မရုုပ် သိမ်းခြင်းနှင့် များစွာသက်ဆုုိင် နေသည်။

 ဥရောပသမဂ္ဂ(အီးယူ)ကကုုန်သွယ်ရေးဆုုိင်ရာ အထူးအခွင့်အရေးများကုုိ ရုပ််သိမ်းမည်ဆုုိ ပါက သာမန်ပြည်သူများကုုိ ထိခုုိက်မည်ဖြစ်ကြောင်း အပြည်ပြည်ဆုုိင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်က ဥရောပကော်မရှင်ဒုုဥက္ကဋ္ဌ မစ္စစ်ဖက်ဒရီကာမော်ဂါရီနီနှင့် ဘရပ်ဆဲလ်မြို့ ၌ သီးသန့်တွေ့ဆုုံစဉ်   ပြောကြား ခဲ့သည်။

 အပြည်ပြည်ဆုုိင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး သည် ဥရောပကော်မရှင် ဒုုဥက္ကဋ္ဌနှင့် ဥရောပသမဂ္ဂ နုုိင်ငံခြားရေး နှင့် လုုံခြုံရေးမူဝါဒ ရေးရာဆုုိင်ရာအဆင့်မြင့် ကုုိယ်စားလှယ် မစ္စစ်ဖက်ဒရီကာ မော်ဂါရီနီနှင့် အောက်တုုိဘာ ၁၈ နှင့် ၁၉  ရက်တွင်ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ကျင်းပသည့် အာရှ-ဥရောပ(ASEM)ထိပ်သီး အစည်းအဝေး ကာလအတွင်း  တွေ့ဆုုံခြင်းဖြစ်သည်။

 ယင်းသုုိ့ တွေ့ဆုုံစဉ် အီးယူက ပေးအပ်ထားသော ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး သည် မြန်မာပြည်သူများ၏ အလုပ်အကိုင်၊ အခွင့်အလမ်းအ တွက် အကျိုးပြုနေပြီး အဓိက အီးယူသို့ တင်ပို့နေသည့် အထည်ချုပ် လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသော အလုပ်သမား လေးသိန်းကျော် ရှိသည်ဟုု ဝန်ကြီးဦးကျော်တင်က ပြောကြားကြောင်းနုုိင်ငံခြားရေး ဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုုတ်ပြန်သည်။

အဆုုိပါ အလုုပ်သမားများ အနက် ၉၀ ရာခိုင်နှုန်းကျော်သည် အမျိုးသမီးများဖြစ်ပြီး ၎င်းတို့ကို မှီခိုနေသူများအားထည့်သွင်းတွက်ချက်ပါက စုစုပေါင်းလူ နှစ်သန်းခန့်ရှိကြောင်း ဆက်လက်ပြောကြားသည်။

အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးဦးကျော် တင်က ရခုုိင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အစည်းအဝေးကာလအ တွင်း ဆွစ်ဇာလန်သမ္မတ၊ ဆွီဒင်နုုိင်ငံခြားရေး ဝန်ကြီး၊ သြစတြေးလျ နုုိင်ငံခြားရေးဝန်ကြီးတိုု့နှင့်လည်း သီးခြားစီတွေ့ဆုုံခဲ့ကြောင်း နုုိင်ငံခြားရေး ဝန်ကြီးဌာန ထုုတ်ပြန်ချက်၌ ဖော်ပြသည်။

 အီးယူသည် ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ ကုုန်သွယ်ရေးဆုုိင်ရာ အထူးအခွင့်အရေးကုုိ ပြန်လည်သုုံးသပ်မည်ဟုု ထုုတ်ဖော် ပြောကြားထားသည်။

သုုိ့ရာတွင် နုုိင်ငံတကာ ကုုမ္ပဏီများနှင့် လူ့အခွင့်အရေး အဖွဲ့များက အီးယူ၏ မြန်မာအပေါ် အထူးအခွင့်အရေးကုုိ ပြန်လည် မရပ်ဆုုိင်းရန် သတိပေးတုုိက်တွန်းထားသည်။

http://www.7daydaily.com/story/140134

Credit: 7Day Daily