Thu 22 November, 2018

အိန္ဒိယစစ်တပ်က မြန််မာ့တပ်မတော်သို့ မြင်း ၁၅ ကောင် လွှဲပြောင်းပေးအပ်

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း စက်တင်ဘာလအတွင်း နယူးဒေလီသို့ ရောက်ရှိစဉ်က ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးနေစဉ်
အိန္ဒိယစစ်တပ် အာသံရိုင်ဖယ် (Assam Rifles)က မြန်မာ့တပ်မတော်သို့ လေ့ကျင့် ပေးထားသော မြင်း ၁၅ ကောင် လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို အိန္ဒိယ-မြန်မာနယ်စပ်ရှိ မဏိပူရ ပြည်နယ် မိုရေးမြို့တွင် ကျင်းပခဲ့ ကြောင်း ထုတ်ပြန်ကြေညာချက် တစ်ခုအရ သိရသည်။

အိန္ဒိယနိုင်ငံတွင်း သက်တမ်းအရင့်ဆုံး အစိုးရလက် နက်ကိုင်တပ်ဖွဲ့ Assam Rifles က ဦးစီးပြုလုပ်သည့် ကြာသပတေးနေ့ အခမ်းအနားတွင် အာရှအိမ်နီးချင်းများဖြစ်သော မြန်မာနှင့်အိန္ဒိယစစ်တပ်အကြား အပြန်အလှန်ယုံ ကြည်မှု တည်ဆောက်ရေး ရည်ရွယ်ကြောင်း Assam Rifles စစ်တပ်၏ ထုတ်ပြန်ချက်တွင် ပြောသည်။

အဆိုပါ မြင်းများသည် ဗုဒ္ဓဟူးနေ့ကတည်းက ဥတ္တရာခန်ပြည်နယ် ဟမ်ပူဝါမြို့မှ မိုရေးမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

အိန္ဒိယမြောက်ပိုင်း ဥတ္တရာ ခန်ပြည်နယ်ရှိ RemountTraining School and Remount Veterinary Corps လေ့ကျင့်ရေးကျောင်းသို့ စက်တင်ဘာတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာစဉ် အဆိုပါ မြင်းများကို ရွေးချယ်ခဲ့သည်။

မြန်မာ့တပ်မတော်သို့ မြင်းများ ရောင်းချခြင်းက နှစ်နိုင်ငံအကြား ပြည်ပကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစီမံချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်က ပြော သည်။

နှစ်ပေါင်း ၂၄၀ ခန့် သက်တမ်းရှိသော RemountTraining School and Remount Veterinary Corps လေ့ကျင့်ရေးကျောင်းသည် Assam Rifles စစ်တပ်နှင့်  အိမ် နီးချင်းနိုင်ငံများအတွက် စစ်ဘက်ခွေးနှင့် မြင်းများ မွေးမြူလေ့ကျင့်ပေးနေသော ဌာနတစ်ခုဖြစ်သည်။

http://www.7daydaily.com/story/140033

Credit: 7Day Daily