Thu 22 November, 2018

KNPP က အပစ်ရပ်သဘောတူညီမှုကို ဖောက်ဖျက်ကြောင်း နယ်လုံဝန်ကြီး ကန့်ကွက်စာပို့

တပ်မတော်စစ်ကြောင်း နှင့် ကရင်နီအမျိုးသားတိုးတက် ရေးပါတီ(KNPP)တပ်ဖွဲ့ဝင်တို့ အကြား တိုက်ပွဲဖြစ်ပွားမှုမှာ KNPP ဘက်ကစတင်ပစ်ခတ်ခြင်း ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးသ ဘောတူညီမှုကို ဖောက်ဖျက်ခြင်း ဖြစ်ကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ လက်မှတ်ရေးထိုး၍ KNPP လွိုင် ကော်ဆက်ဆံရေးရုံးသို့ အောက် တိုဘာ ၂၀ ရက်စွဲဖြင့် ကန့်ကွက် စာပေးပို့ခဲ့သည်။

ကယားပြည်နယ် ဖား ဆောင်းမြို့နယ် နန်းကစ်ဒေသ၌ အောက်တိုဘာ ၂၀ ရက်နံနက်က တပ်မတော်နှင့် KNPP တို့မိနစ် အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွား ခဲ့သည်။

တပ်မတော်စစ်ကြောင်းကို KNPP တပ်ဖွဲ့ဝင်ခုနစ်ဦးက လက်နက်ငယ်များဖြင့် စတင်ပစ် ခတ်ခဲ့မှုအား ကန့်ကွက်ကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် နန်းကစ်၊ ဘဟန်းလော့ကျေးရွာအုပ်စုနေ ပြည်သူလူထုကို အထိတ်တလန့် ဖြစ်စေခဲ့ကြောင်း ကန့်ကွက်စာ တွင်ပါရှိသည်။ အဆိုပါဖြစ်စဉ် မျိုး ထပ်မံမဖြစ်ပေါ်စေရေးလက် အောက်တပ်ဖွဲ့များကို ထိန်းသိမ်း ရန်လည်း ရေးသားထားသည်။

ကန့်ကွက်စာနှင့်ပတ်သက် ပြီး KNPP လွိုင်ကော်ဆက်ဆံရေး ရုံးတာဝန်ခံ ခူညေးရယ်က ‘‘ကျွန် တော်တို့က ချိုးဖောက်တာမဟုတ် ပါဘူး။ သဘောတူညီချက်က ကြို တင်အကြောင်းကြားရမယ်လေ၊ သွားလာရင်။ အခုက ကြိုတင်အ ကြောင်းမကြားဘဲ ပတ်ပြီးသွား တဲ့အခါ နယ်ကျော်သွားတာပေါ့။ အဲဒီမှာ ကျွန်တော်တို့လူလည်းရှိ တော့ အဲဒီလိုဖြစ်သွားတာ။ ပြန် ခြုံကြည့်ရင်ကြိုတင်အကြောင်း မကြားလို့ဘဲလေ’’ ဟု ယမန်နေ့ က ပြောသည်။

KNPP ကလည်း တိုက်ပွဲ ဖြစ်ပွားမှုနှင့်ပတ်သက်၍ ကြေ ညာချက်ထုတ်ပြန်ရာ တပ်မတော် စစ်ကြောင်းသည် ပုံမှန်သွားလာ သောလမ်းကြောင်းမဟုတ်သည့် လမ်းကြောင်းကိုအသုံးပြုပြီး နယ် မြေရှင်းလင်းရေးပြုလုပ်လာ၍ နှစ်ဖက်ထိတွေ့မှုဖြစ်ပွားခဲ့သည် ဟု ဆိုသည်။

၂၀၁၃ ဇွန်လက ပြုလုပ် သောပြည်ထောင်စုအဆင့် ဆွေး နွေးပွဲသဘောတူညီချက်အရ နှစ် ဖက်တပ်များ လှုပ်ရှားသွားလာရာ တွင် ပုံမှန်လမ်းကြောင်း အသုံးပြု ရန်နှင့် အနည်းဆုံးသုံးရက်ကြို တင်၍ တစ်ဖက်နှင့်တစ်ဖက်အ ကြောင်းကြားရန် သဘောတူညီ ခဲ့သည်ဟု KNPP ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ က ယားပြည်နယ်အစိုးရအဖွဲ့က KNPP အပေါ်အပစ်ရပ်စဲရေးသ ဘောတူညီချက်ကို ဖောက်ဖျက် သည်ဟု စွပ်စွဲခြင်းသည် လုံးဝမှန် ကန်မှုမရှိကြောင်း၊ တပ်မတော်က သာ နှစ်ဦးနှစ်ဖက်သဘောတူညီ ချက်အပေါ် လိုက်နာဆောင်ရွက် ခြင်းမရှိဘဲ စတင်ချိုးဖောက်၍ ထိ တွေ့မှုဖြစ်ပွားခဲ့ရကြောင်း၊ က ယားပြည်နယ်အစိုးရ၏စွပ်စွဲချက် အပေါ် ကန့်ကွက်ကြောင်း KNPP က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရနှင့် KNPP တို့၏လစဉ်ပုံမှန်တွေ့ဆုံ မှုတွင် တင်ပြဆွေးနွေးမည်ဟု ခူ ညေးရယ်က ပြောသည်။

လတ်တလောတွင် တိုက်ပွဲ ဖြစ်ပွားမှုကို အောက်ခြေ၌ နှစ် ဖက်ဆွေးနွေးညှိနှိုင်းပြေလည်ပြီ ဟု KNPP ဖားဆောင်းဆက်ဆံ ရေးရုံးတာဝန်ခံဦးစောကွယ်က ပြောသည်။

‘‘နောက်ဆုံးအခြေအနေက တော့ သူတို့ဘက်က ညှိနှိုင်းလာ တာက အဲဒီခွင်ထဲမှာ နန်းကစ်ရွာ ပတ်ဝန်းကျင်မှာ လုပ်စရာရှိလို့ တစ်ရက်၊နှစ်ရက်လောက်စောင့် ပေးပါ။ ထပ်ပြီးတော့ ဒီလိုမျိုး မတော်တဆမှုတွေမဖြစ်အောင် ပြောပေးပါဆိုလို့ ကျွန်တော်ညှိ နှိုင်းပေးလိုက်တယ်။ ညှိနှိုင်းပေး လိုက်တော့ KNPP တပ်ကပြန်ပြီး ခွာပေးလိုက်တာပေါ့’’ ဟု ဦးစော ကွယ်က ဆိုသည်။

တပ်မတော်စစ်ကြောင်းက မည်သည့်ကိစ္စလုပ်ဆောင်မည်ဆို သည်ကို မသိရကြောင်း၊ အောက် တိုဘာ ၂၀ ရက်တိုက်ပွဲဖြစ်စဉ် တွင် တပ်မတော်ဘက်က နှစ်ဦး ဒဏ်ရာရသည်ဟု အရပ်စကား ကြားသိရသော်လည်း တရားဝင် အတည်ပြုနိုင်ခြင်းမရှိကြောင်း ၎င်းကဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ် သက်ပြီး ပြေလည်မှုရရှိရန် ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) လက်အောက်ခံ ဖရူဆိုအခြေစိုက်တပ်ရင်းတစ်ခုဖြစ်သော ခမရ (၄၂၈)မှ တာဝန်ရှိသူနှင့် KNPP ဖားဆောင်းဆက်ဆံရေးရုံးတို့အ ကြားဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ် သည်ဟု ဦးစောကွယ်က ပြော သည်။

‘‘ကျွန်တော်တို့ ဆက်ဆံရေး ရုံးကတော့ ဒီအပစ်အခတ်ရပ်စဲ ရေးလုပ်ငန်းစဉ်တွေ၊ နောက် NCA လက်မှတ်ထိုးနိုင်ဖို့အတွက် ကျွန်တော်တို့ဆက်ဆံရေးရုံးက  ဒီ အခြေအနေ(တိုက်ပွဲဖြစ်ပွားမှု)ကို ကြားကနေညှိနှိုင်းဆောင်ရွက် ပေးတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် ဖြစ်မြောက်လာဖို့ တတ်နိုင်တဲ့ ဘက်က ပံ့ပိုးပေးရတာပေါ့။ ဒီလို ဖြစ်စဉ်မျိုးတွေမဖြစ်စေချင်ဘူး။ နှစ်ဖက်ကနေပြီး ပြေပြေလည် လည်ညှိနှိုင်းပြီး ငြိမ်းချမ်းရေးဖြစ် စဉ်ဖြစ်မြောက်လာအောင် ဝိုင်း ဝန်းလုပ်ဆောင်ဖို့လိုတယ်’’ ဟု ၎င်းကဆိုသည်။

တပ်မတော်နှင့်ကယားပြည် နယ်အခြေစိုက် KNPP တို့၂၀၁၂ မတ်လတွင် ပြည်နယ်အဆင့်အ ပစ်ရပ်စဲရေးဆောင်ရွက်ပြီး နောက် ယင်းနှစ်ဇွန်လတွင် တစ် ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့ နောက် ခြောက်နှစ်ကျော်အကြာ  ယခုနှစ်အောက်တိုဘာ ၂၀ ရက် တွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ အ ပစ်ရပ်စဲရေး ဆောင်ရွက်ပြီး နောက် နှစ်ဖက်အကြားကြီးမား သည့်တိုက်ပွဲမျိုးမဖြစ်သော်လည်း ပဋိပက္ခများ၊ အငြင်းပွားမှုများ ရံဖန်ရံခါဖြစ်ပွားခဲ့ရာ ၂၀၁၇ ဒီဇင် ဘာက ဖြစ်ပွားသည့် KNPP တပ် ဖွဲ့ဝင်များအသတ်ခံရမှုဖြစ်စဉ်မှာ ထင်ရှားသည်။

http://www.7daydaily.com/story/140042

Credit: 7Day Daily