Mon 19 November, 2018

မှားယွင်းပစ်ခတ်မှုကြောင့် သေဆုံးသည့် ကျောက်မဲဒေသခံတစ်ဦးအမှုစုံစမ်းစစ်ဆေးရန်လိုဟု လွှတ်တော်ကိုယ်စားလှယ်ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အခြေစိုက် တပ်မတော်စစ်ကြောင်းတစ်ခု၏ မှားယွင်းပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ကျောက်မဲဒေသခံတစ်ဦးအမှုကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးရန် လိုအပ်ကြောင်း ကျောက်မဲမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်း ဉာဏ်ကပြောသည်။

ကျောက်မဲမြို့နယ် နောင် အန်းရွာသားအမျိုးသားတစ်ဦး သည် အောက်တိုဘာ  ၁ ရက်ည နေက ခမရ (၅၀၄) တပ်မှ တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပစ်ခတ်ခံရပြီး သေဆုံးခြင်းဖြစ် ကြောင်း ရှမ်းလူ့အခွင့်အရေး  မဏ္ဍိုင်က သတင်းထုတ်ပြန်သည်။

တပ်မတော်စစ်ကြောင်း အ ဆိုပါ ကျေးရွာအနီးသို့ ရောက်ရှိ စဉ် ဆိုင်ကယ်စီးလာသည့် စိုင်း အိုက်ထွန်းအမည်ရှိအမျိုးသား တစ်ဦးကို စစ်ဆေးရန် တားဆီး စဉ် ဆိုင်ကယ်မောင်းပြေး၍ ပစ် ခတ်ခံရခြင်းဖြစ်ကြောင်း ဦးစိုင်း  ထွန်းဉာဏ်ကဆိုသည်။

‘‘သေတဲ့အချိန် သူတို့သွား ကြည့်တဲ့အချိန် အရပ်သားဖြစ် နေတော့ ရွာကိုလာပြီးတော့  သတင်းပို့တယ်။ လူတစ်ယောက်  ကိုပစ်မိတယ်။ သွားကြည့်တဲ့အ ချိန်  ရွာသားဖြစ်နေတယ်။ အမှု တော့ဖွင့်ထားတယ်လို့ ပြောတယ် ရဲက’’ ဟု ၎င်းကဆိုသည်။

နောက်ရက်တွင် တပ်မ တော်တာဝန်ရှိသူများ လာရောက် ပြီး သေဆုံးသူ၏ မိသားစုဝင်များ နှင့် ညှိနှိုှုင်းကာ မိသားစုဝင်များက ကျေအေးပေးသည်ဟုသိရကြောင်း လွှတ်တော်ကိုယ်စားလှယ်က ဆို သည်။

‘‘အခုလောလောဆယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က သူကလူ့အခွင့်အရေး ကော်မရှင်တို့၊ ဘာတို့ကို တိုင်ဖို့ရှိတယ်။ ဒီလိုအရပ်သားတစ်ယောက်ကို လက်လွတ်စပယ်ပစ်သတ်တာကိုပေါ့။ လူသတ်မှုကို ဒီလိုမျိုးပြီးစလွယ်လုပ်လို့မရဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်ထင်တယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ကာကွယ်ရေးဝန်ကြီးဌာနကို သော်လည်းကောင်း ဒီလိုမျိုး လက်လွတ်စပယ်လုပ်တဲ့ ကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့လိုလိမ့်မယ်’’ ဟု ဦးစိုင်းထွန်းဉာဏ်က ပြောသည်။

ဦးစိုင်းထွန်းအောင်က အဆိုပါ ဒေသခံသေဆုံးမှုနှင့် ပတ်သက်ပြီး ဆောင်ရွက်သင့်သည်များ ဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ်များ တိုင်ပင်ထားသည်ဟုဆိုသည်။

‘‘ဘယ်အဖွဲ့ပဲဖြစ်ဖြစ်လက် နက်ကိုင်အဖွဲ့အစည်းဆိုတာပြည် သူနဲ့တွေ့တဲ့အခါ သေသေချာ ချာလေးစုံစမ်းမေးမြန်းပြီးတော့မှ ဖြစ်သင့်တာပဲ ကောင်းတာပေါ့။  တွေ့ဆုံတယ်၊ရပ်ခိုင်းတယ်၊ မရပ်လို့ပစ်တယ်ဆိုတာ လက်လွတ်စပယ် ဖြစ်သွားတဲ့အပိုင်းလေးပေါ့’’ ဟု ၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေခံတပ်ထံသို့ အောက်တိုဘာ ၁၈ ရက်က ဆက်သွယ်ရန် ကြိုးစားသော်လည်း အဆက်အသွယ်မရပေ။

http://www.7daydaily.com/story/139770

Credit: 7Day Daily