Mon 19 November, 2018

တပ်မတော်နှင့် လုံခြုံရေးအဆင့်မြင့်အရာရှိ ခုနစ်ဦးကို ဆွစ်ဇာလန် ပိတ်ဆို့အရေးယူ
မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှုကို ဆက်လက်ကူညီမည်ဟု ထပ်လောင်းအတည်ပြု

ဆွစ်ဇာလန်အစိုးရသည် ဥရောပသမဂ္ဂ(အီးယူ)ကဲ့သို့ မြန်မာတပ်မတော်အရာရှိများအပေါ် အရေးယူပိတ်ဆို့မည်ဖြစ်သော် လည်း မြန်မာနိုင်ငံ၏ အသွင်ကူး ပြောင်းမှုကို ဆက်လက်ကူညီ ထောက်ပံ့မည် ဖြစ်ကြောင်း အောက်တိုဘာ ၁၇ ရက်တွင် အ တည်ပြုထုတ်ပြန်သည်။

လူ့အခွင့်အရေး ချိုးဖောက် မှုများကို စနစ်တကျ ကျူးလွန် သည်ဆိုကာ မြန်မာအပေါ် အ ရေးယူပိတ်ဆို့မှုကို ဧပြီ ၂၆ နှင့် ဇွန်လ ၂၅ ရက်တွင် အီးယူက ပြုလုပ်သည့်အတိုင်း တပ်မတော်အရာရှိငါးဦးနှင့် လုံခြုံရေးရဲအရာရှိနှစ်ဦးတို့ကိုအရေးယူခြင်း ဖြစ်သည်။

ပိတ်ဆို့အရေးယူထားသော မြန်မာတပ်မတော်နှင့် လုံခြုံရေး အရာရှိ ခုနစ်ဦးသည် အီးယူအ ဖွဲ့ဝင်နိုင်ငံများနှင့် ဆွစ်ဇာလန်သို့ သွားရောက်ခွင့်ရှိမည် မဟုတ်ဘဲ ယင်းနိုင်ငံများတွင် ၎င်းတို့၏ ပိုင် ဆိုင်မှုများကို ထိန်းချုပ်ကန့်သတ် ခံရမည် ဖြစ်သည်။

အီးယူက ပိတ်ဆို့အရေးယူ ထားသော အရာရှိခုနစ်ဦးသည် ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော် ဇော၊ ဗိုလ်ချုပ်ခင်မောင်စိုး၊ ဗိုလ် ချုပ်မောင်မောင်စိုး၊ ဗိုလ်မှူးချုပ် သန်းဦး၊ ဗိုလ်မှူးချုပ်အောင် အောင်၊ ရဲမှူးချုပ်သူရစန်းလွင်၊ ရဲမှူးကြီးသန့်ဇင်ဦးတို့ ဖြစ်သည်။ ၎င်းတို့အနက် ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောကို တပ်မတော် က နုတ်ထွက်ခွင့်ပြုပြီး ဗိုလ်ချုပ် မောင်မောင်စိုးကို ရာထူးမှ နုတ် ပယ်ကြောင်း တပ်မတော်သတင်း အမှန်ပြန်ကြားရေးအဖွဲ့က ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ရဲ မှူးချုပ်သူရစန်းလွင်ကိုလည်း တာ ဝန်မှ အနားပေးခဲ့သည်။

ဆွစ်ဇာလန် အစိုးရသည် မြန်မာနိုင်ငံတွင် တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များ အသုံး ပြုသော လက်နက်ပစ္စည်းများ ရောင်းချခြင်း၊ ထောက်ပံ့ခြင်း၊ တင်ပို့ခြင်းနှင့် ဖြတ်သန်းခြင်းတို့ ပိတ်ပင်သည်။ အလားတူ အင်တာနက်နှင့် တယ်လီဖုန်းကဲ့သို့ ဆက် သွယ်ရေးပစ္စည်းများ၊ နည်းပညာ၊ ဆော့ဖ်ဝဲ စသည်တို့ကိုလည်း တားမြစ်ကန့်သတ်ကြောင်း ထုတ် ပြန်ချက်၌ ဖော်ပြသည်။

အထက်ပါ အရာရှိခုနစ်ဦး သည် လူ့အခွင့်အရေးချိုးဖောက် မှုများကို ပြင်းထန်စွာ ကျူးလွန်ခဲ့ သည်ဟု ဆွစ်ဇာလန် အစိုးရက စွပ်စွဲထားပြီး ၎င်းတို့၏ ပိုင်ဆိုင်မှု များ၊ စီးပွားရေးအရင်းအနှီးများကို ထိန်းချုပ်ကန့်သတ်ကြောင်းနှင့် ယခုကဲ့သို့ အရေးယူမှုဖြစ်စဉ်ကို ကြန့်ကြာမှု မရှိဘဲ ဆွစ်ဇာလန်စီး ပွားရေးဝန်ကြီးဌာနသို့ အကြောင်း ကြားရမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယင်းသို့ ပိတ်ဆို့အရေးယူ သော်လည်း ဆွစ်ဇာလန်သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးနှင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးရေးတို့တွင် ပူးပေါင်း ပါဝင်မှု မြှင့်တင်၍ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း အ ခိုင်အမာဆိုသည်။ ဆွစ်ဇာလန် နိုင်ငံသည် ဥရောပနိုင်ငံဖြစ်သော် လည်း ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံတွင် မပါဝင်ပေ။

ရခိုင်၊ ကချင်နှင့်ရှမ်းပြည် နယ်တို့တွင် ပြင်းထန်စွာလူ့အခွင့် အရေးချိုးဖောက်သည်ဟု စွပ်စွဲ ချက်ဖြင့် မြန်မာတပ်မတော်ထိပ် တန်းအရာရှိသုံးဦး၊ လုံခြုံရေးရဲ အရာရှိကြီး တစ်ဦးနှင့် တပ်မ နှစ်ခုကို အရေးယူပိတ်ဆို့ကြောင်း အမေရိကန်အစိုးရကဩဂုတ်တွင် ကြေညာခဲ့သည်။

အမေရိကန်ဘဏ္ဍာရေးဝန် ကြီးဌာန နိုင်ငံခြားပစ္စည်းပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး(OFAC)က ထုတ် ပြန်သောအရေးယူပိတ်ဆို့မှုတွင် ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော် ဇော၊ ဗိုလ်ချုပ်ခင်မောင်စိုး၊ ဗိုလ် မှူးချုပ်ခင်လှိုင်၊ ရဲမှူးချုပ်သူရစန်း လွင်နှင့် တပ်မ(၉၉)၊ တပ်မ(၃၃) တို့ ပါဝင်သည်။

http://www.7daydaily.com/story/139773

 

Credit: 7Day Daily