Mon 19 November, 2018

Weekly Eleven မှ သတင်းသမားသုံးဦးကို သတင်းမီဒီယာဥပဒေနှင့် အညီ ဆောင်ရွက်ရန် ရန်ကုန်တိုင်းအစိုးရအား သမ္မတညွှန်ကြား
တိုင်းအစိုးရက သတင်းမီဒီယာကောင်စီထံ တိုင်စာပေးပို့

Weekly Eleven ဂျာနယ်မှ အယ်ဒီတာသုံးဦးကို အောက်တိုဘာ ၁၀ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ − စိုင်းဇော်)
နိုင်ငံတော်အကြည်ညိုပျက် စေမှုဖြင့် တရားစွဲဆိုဖမ်းဆီးခံရသော Weekly Eleven ဂျာနယ် သတင်း သမားသုံးဦးကို သတင်းမီဒီယာဥပဒေ နှင့် စနစ်တကျဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက ရန်ကုန်တိုင်းအစိုးရ အဖွဲ့အား ညွှန်ကြားလိုက်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး က အောက်တိုဘာ ၁၇ ရက်စွဲဖြင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့သို့ ပေးပို့သည့် ညွှန်ကြားချက်တွင် သတင်းမီဒီယာဥပဒေပုဒ်မ ၂၁ အရ နစ်နာသောအဖွဲ့အစည်း၊ ဌာန (သို့မဟုတ်) ပုဂ္ဂိုလ်သည် ရှေးဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားရန်၊ သတင်းမီဒီယာဥပဒေပုဒ်မ ၂၂ အရ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် နှစ်ဖက်တွေ့ဆုံညှိနှိုင်းဖြေရှင်းပေးရန်နှင့် သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၃ အရ ညှိနှိုင်းဖြေရှင်းရာ၌ ပြေလည်မှုမရှိပါက တိုင်ကြားသူ (သို့မဟုတ်) ကျေနပ်မှုမရှိသူ သည် သက်ဆိုင်ရာ တရားရုံးတွင် ဥပဒေနှင့်အညီ တရားစွဲရန် နိုင်ငံတော်သမ္မတက လမ်းညွှန်မှုပြုပါသည်ဟု ပါရှိသည်။

‘‘တိုင်းဒေသကြီးအစိုးရလုပ် တဲ့ဟာကို ဝန်ကြီးတွေက တင်ပြ တယ်။ အဲဒီတင်ပြတဲ့အပေါ်မှာ ပြည်ထောင်စုအစိုးရရုံးကနေ နိုင်ငံတော်သမ္မတဆီကို လမ်းညွှန်မှု လုပ်တယ်။ နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်မှုတွေကို ပြည်ထောင်စု အစိုးရရုံးကနေ တိုင်းဒေသကြီး အစိုးရကို ပြန်ပြီးတော့ လမ်းညွှန် တာပေါ့။ အဓိကကတော့ တရား စွဲတဲ့အပေါ်မှာ ဘယ်လိုလုပ်ရမယ် ဆိုတာ လမ်းညွှန်တာပေါ့။ ရန်ကုန်တိုင်းအစိုးရကိုပဲ လမ်းညွှန်တာပါ’’ဟု သမ္မတရုံးပြောရေးဆိုခွင့် ပုဂ္ဂိုလ် ဦးဇော်ဌေးက သတင်းသမား သုံးဦးကို တရားစွဲဆိုထားမှုနှင့် ပတ်သက်ပြီး သတင်းထောက်များအား ပြောသည်။

ထို့ကြောင့် ဖမ်းဆီးတရားစွဲ ဆိုထားသော Weekly Eleven ဂျာနယ်မှ အယ်ဒီတာသုံးဦးကို သတင်းမီဒီယာဥပဒေဖြင့် ညှိနှိုင်းဖြေရှင်းပြီး အရေးယူပေးရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့က မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီသို့ အောက်တိုဘာ ၁၈ ရက်တွင် တိုင်ကြားသည်။

Weekly Eleven တွင် ဖော် ပြပါရှိသော ဆောင်းပါးနှင့် ပတ် သက်ပြီး ဆောင်းပါးရှင် ဖြိုးဝေ၊ တာဝန်ခံအယ်ဒီတာများဖြစ်သော ကျော်ဇောလင်းနှင့် နရီမင်း၊ Eleven Media Group သတင်းမီ ဒီယာဌာနသည် သတင်းမီဒီယာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (က) (င) (ဆ) (စျ)ပါ သတင်းမီဒီယာသမား တစ်ဦး၏ တာဝန်နှင့် ကျင့်ဝတ် စည်းကမ်းများကို ချိုးဖောက် သဖြင့် ညှိနှိုင်းဖြေရှင်းပြီး အရေးယူပေးပါရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ တိုင် ကြားခဲ့ခြင်း ဖြစ်ကြောင်း သတင်း မီဒီယာကောင်စီက ယမန်နေ့တွင် ထုတ်ပြန်သည်။

သတင်းမီဒီယာဥပဒေ အ ခန်း (၈) တွင် ‘‘နစ်နာသောဌာန၊ အဖွဲ့အစည်း (သို့မဟုတ်) ပုဂ္ဂိုလ် သည် သတင်းမီဒီယာသမားတစ် ဦးက ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထား သည့် တာဝန်နှင့် ကျင့်ဝတ်သိက္ခာတစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း ယူဆလျှင် ရှေးဦးစွာကောင်စီသို့ တိုင်ကြားနိုင်သည်။ ကောင်စီက ပုဒ်မ ၂၁ အရ တိုင်ကြားချက်ကို နှစ်ဖက်တွေ့ဆုံညှိနှိုင်းဖြေရှင်း ပေးရမည်ဖြစ်ပြီး ပြေလည်မှုမရရှိ မှသာ တိုင်ကြားသူက သက်ဆိုင် ရာတရားရုံးတွင် ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်သည်’’ဟု ဖော်ပြ ထားသည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ သည် Weekly Eleven ဂျာနယ်မှ အယ်ဒီတာသုံးဦးကို ဖမ်းဆီးပြီး ၉ ရက်အကြာမှသာ သတင်းမီဒီ ယာကောင်စီသို့ တိုင်ကြားလာ ခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် သတင်းသမားများကို နှစ်ကြိမ်ရုံး ထုတ်ထားပြီး တရားလိုကို စတင်စစ်ဆေးနေသည်။

 သတင်းသမားများအား တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ လုပ် ထုံးလုပ်နည်းသည် ရှေ့နောက် ပြောင်းပြန်ဖြစ်နေကြောင်း မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီ တွဲ ဖက်အတွင်းရေးမှူး ဦးမြင့်ကျော် က ပြောသည်။

‘‘အမှန်တော့ လုပ်ထုံးလုပ် နည်းက ရှေ့၊ နောက်၊ ပြောင်းပြန် ဖြစ်နေတာပေါ့။ လုပ်ထုံးလုပ်နည်းအမှန်တိုင်းဆိုရင် အမှုကို ရုပ်သိမ်းမှသာလျှင် ဖြေရှင်းလို့ရမှာလေ။ နည်းဥပဒေအရ ဆိုရင်တော့ တရားရုံးရောက်နေတဲ့ အမှုကို ကောင်စီက ဖြေရှင်းခွင့်မရှိဘူး။ အလွတ်သဘောညှိနှိုင်းတာတော့ မပြောတတ်ဘူး’’ဟု ဦးမြင့်ကျော် က ပြောသည်။

ထို့ကြောင့် အယ်ဒီတာသုံး ဦးအမှုပြေလည်မှုရရေး ရန်ကုန်တိုင်းအစိုးရအဖွဲ့အပေါ်တွင်သာ မူတည်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့အပြင် တရားစွဲဆိုခံထား ရမှုအပေါ် Eleven ဂျာနယ်က အကူအညီပေးရန် တောင်းခံထားသောကြောင့် ယနေ့ (အောက်တိုဘာ ၁၉ ရက်)တွင် ညှိနှိုင်းဆွေးနွေးရန် ဆင့်ခေါ်ထားကြောင်း ဦးမြင့် ကျော်က ပြောသည်။

‘‘ကောင်စီက ဖြေရှင်းဖို့ ဆင့်ခေါ်ထားတဲ့ စာရောက်ပါတယ်။ ကျွန်တော်တို့က မနက်ဖြန်မှာ ကောင်စီကို သွားပြီးဖြေရှင်းမှာပါ’’ဟု Weekly Eleven ဂျာနယ်အမှု ဆောင်အယ်ဒီတာ ကိုဦး (သချင်္ာ) က ပြောသည်။

ဥပဒေအကြံပေး တစ်ဦးဖြစ်သူ ဦးခင်မောင်မြင့်က‘‘အမှုကိုရုပ်သိမ်းတာက တရားလိုအပေါ်မှာပဲ မူတည်တာ ပါ။ ၅၀၅ (ခ) လည်းရုပ်သိမ်းချင် ရုပ်သိမ်းလို့ရပါတယ်။ ဒါပေမဲ့  အလဲဗင်းအမှုကိုဆက်ပြီး တရားစွဲမယ်ဆိုရင်တောင် မီဒီယာကောင်စီ တိုင်လိုက်တာဆိုတော့  ၅၀၅ (ခ) မမြောက်ဘူးလို့ ဝန်ခံလိုက်သလိုဖြစ်သွားတာပေါ့’’ ဟု ပြောသည်။

Weekly Eleven ဂျာနယ်မှ အယ်ဒီတာ သုံးဦးကို အောက်တို ဘာ ၂၆ ရက်တွင် ဒုတိယအကြိမ် ရုံးချိန်းဆင့်ခေါ်ထားပြီး ယင်းနေ့ တွင် အာမခံပေး၊ မပေး တရားသူ ကြီးက အမိန့်ချမည် ဖြစ်သည်။

http://www.7daydaily.com/story/139772

Credit: 7Day Daily