Tue 20 November, 2018

စစ်ဘေးရှောင်များ ရပ်ရွာတွင်အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရေး ကြိုးပမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်ယူပြီးနောက် ဒုတိယအကြိမ်လာရောက်သည့် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် စစ်ဘေးရှောင်ပြည်သူများကိုလည်း တွေ့ဆုံအားပေးခဲ့သည်။ (ဓာတ်ပုံ − မရန်)
 ပြည်သူများအနေဖြင့် နေရပ်ကိုစွန့်ခွာ၍ စစ်ဘေးရှောင် စခန်းများ၌ နေထိုင်ရခြင်းကို မနှစ်မြို့ကြောင်းနှင့် မိမိရပ်ရွာ တွင် အေးချမ်းစွာပြန်လည်နေထိုင် နိုင်ရေး အတတ်နိုင်ဆုံးကြိုးပမ်း မည်ဖြစ်ကြောင်း နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ယမန်နေ့ကမြစ်ကြီး နားမြို့သို့ နေ့ချင်းပြန်သွားရောက် ခဲ့သည်။ ယင်းခရီးစဉ်အတွင်း မြစ် ကြီးနားမြို့ရှိ ယာယီကယ်ဆယ် ရေးစခန်းများ၌ စစ်ဘေးရှောင် ပြည်သူများနှင့်တွေ့ဆုံစဉ် အ ထက်ပါအတိုင်း ပြောကြားသည်။

‘‘ကချင်ပြည်နယ်အတွင်းမှာ ဆိုရင် နေရပ်စွန့်ခွာပြည်သူများရဲ့ စခန်းတွေက နည်းနည်းများ တယ်။ ကျွန်မတို့ရဲ့အဓိကရည် ရွယ်ချက်ကတော့ အားလုံးဟာ ကိုယ့်ရပ်ကိုယ့်ရွာမှာ ကိုယ်ပြန်ပြီး တော့ အေးအေးချမ်းချမ်းနဲ့ဖွံ့ဖြိုး တိုးတက်စွာနေနိုင်ဖို့ပဲ ဖြစ်ပါ တယ်’’ ဟု ၎င်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သည် မြစ်ကြီးနားမြို့ရှိ တောင် တန်းဒေသကျောင်းသား၊ကျောင်း သူများပြုစုစောင့်ရှောက်ရေးဂေ ဟာ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကလှူဒါန်းထားသည့်မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူ ထောင်ရေးစခန်းနှင့် ကယ်ဆယ် ရေးစခန်းများသို့ သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း အ တိုင်ပင်ခံရုံးက သတင်းထုတ်ပြန် သည်။

ဒေါ်အောင်ဆန်းစုကြည် သည် အဖွဲ့ဝင်များနှင့်အတူ စိန့် ဂျိုးဇက်ယာယီကယ်ဆယ်ရေး စခန်းနှင့်တပ်ကုန်းရပ်ကွက်အင် ဂျန်ဒုံနှစ်ခြင်းအသင်းတော် နေ ရပ်စွန့်ခွာပြည်သူများ ယာယီ ကယ်ဆယ်ရေးစခန်း၌ကျင်းပ သည့်ထောက်ပံ့ငွေနှင့် ထောက် ပံ့ပစ္စည်းများပေးအပ်ပွဲအခမ်းအ နားသို့ တက်ရောက်သည်။

‘‘ကျွန်မတို့ အနေနဲ့ ဒီလိုနေရပ်စွန့်ခွာသွားတဲ့ ပြည်သူပြည်သားတွေ ဒီလိုစခန်းမှာ နေနေရတာကို လုံးဝမနှစ်မြို့ပါဘူး။ အမြန်ဆုံးကိုယ့်ရပ်ကိုယ့်ရွာမှာ အေးအေးချမ်းချမ်း ဖွံ့ဖြိုးတိုးတက်စွာနေနိုင်ဖို့အတွက်ပဲ လိုလားပါတယ်။ ဒီအတွက်လည်း အတတ်နိုင်ဆုံး ကြိုးစားသွားမှာ ပါ။ ကြိုးစားတဲ့နေရာမှာလည်း ကာယကံရှင်များကိုယ်တိုင်က ၀ိုင်းဝန်းပြီးကူညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ်’’ ဟု အတိုင် ပင်ခံပုဂ္ဂိုလ်ကပြောသည်။

ထို့အပြင် ပြည်ထောင်စု အစိုးရအဖွဲ့ဝန်ကြီးဌာနများနှင့် ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့များ ကိုလည်း ပြည်သူနှင့်အစဉ်ထိ တွေ့နေရန်တိုက်တွန်းအားပေး ကြောင်း နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်က ပြောသည်။

သို့သော် စစ်ဘေးရှောင်ပြည် သူများအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တွေ့ဆုုံချိန် တွင် ၎င်းတို့၏သဘောထားဆန္ဒ များကို တင်ပြရန်စီစဉ်ထားသော် လည်း တင်ပြခွင့်မရ၍ ခရီးစဉ်အ ပေါ် အပြည့်အဝစိတ်ကျေနပ်ခြင်း မရှိကြောင်း ကချင်နှစ်ခြင်းအသင်း တော်(KBC)ဥက္ကဋ္ဌဒေါက်တာ ခလမ်ဆွမ်ဆန်က ယမန်နေ့ည တွင် ပြောသည်။

‘‘ကုလသမဂ္ဂကိုယ်စားလှယ် လာတုန်းကလည်း အဲဒီလိုပဲ။ လူ ထုရဲ့အမြင်က အစိုးရက လူထုနဲ့ အချိန်ပေးပြီးမှ အမေးအဖြေတွေ ရယူစေချင်တာပေါ့။ အခုက တော့ သူတို့ပဲဦးဆောင်ရှင်းပြတာ များပြီး လူထုရဲ့မေးခွန်းတွေမေးဖို့ အချိန်ကိုတော့ မပေးဘူး။ အဲဒါ ကြောင့် လူထုဘက်က အဲဒါကို နည်းနည်းအစာမကျေဖြစ်နေကြ တယ်’’ ဟု၎င်းကဆိုသည်။

စစ်ဘေးရှောင်ပြည်သူများ နှင့်တွေ့ဆုံမှုအစီအစဉ်အရ အ ပြန်အလှန်မေးခွန်းထုတ်သည့်အ စီအစဉ်မပါသဖြင့် မေးခွန်းထုတ် ခွင့်မရသော်လည်း အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် စစ်ဘေးရှောင်စခန်း အတွင်း လိုက်လံကြည့်ရှုချိန်တွင် စစ်ဘေးရှောင်မိသားစုအချို့ကို အချိန်ပေး၍ အားပေးဆွေးနွေးခဲ့ ကြောင်း အင်ဂျန်ဒုံရပ်ကွက်အုပ် ချုပ်ရေးမှူး ဦးဘောက်နော်က ပြောသည်။

ထို့အပြင် ဒေါ်အောင်ဆန်း စုကြည်သည် မြစ်ကြီးနားမြို့ရွှေ စက်ရပ်ကွက်ရှိ တောင်တန်းဒေသ ကျောင်းသား၊ ကျောင်းသူများပြု စုစောင့်ရှောက်ရေးဂေဟာ (လန် ဆယ်)တွင်ကျင်းပသည့်ထောက် ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေး အပ်ပွဲအခမ်းအနားသို့ တက် ရောက်ပြီး ကျောင်းသား၊ကျောင်းသူလေးများနှင့် မနောကွင်းရှိ မနောတိုင်များရှေ့တွင်  စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။ ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ လယ်ကုန်းရပ်ကွက်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ၏ ပြန်လည်ထူထောင်ရေးစခန်းသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းထားသည့် အဆောက်အအုံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

‘‘မူးယစ်ဆေးဝါး ပြတ် အောင်လုပ်တဲ့နေရာမှာ စွဲနေတဲ့ သူတွေဖြတ်လိုက်တယ်။ ဖြတ်ပြီး တော့ အရေးကြီးတာက ဆက်ပြီး တော့ မူးယစ်ဆေးပြတ်နေဖို့ပါ။ ပြတ်နေတဲ့အချိန်ကို ထိန်းသိမ်း သွားဖို့ပဲ။ အဲဒါကခက်ခဲပါတယ်။ ကျွန်မတို့လုံးဝပြတ်အောင် ဘယ် လိုလုပ်ရမလဲဆိုတော့ လူဆိုတာ တစ်ချိန်တစ်ချိန်မှာ အားကိုးချင် တဲ့စိတ်လေးတွေ ရှိလာတယ်။ တစ်ယောက်ယောက်ကို အားကိုး ချင်တယ်၊ တစ်ခုခုကိုမှီဝဲချင် တယ်။ အဲဒီလိုဆိုရင် မူးယစ်ဆေး ၀ါးအစား ရပ်ရွာကမိသားစု၊ မိတ်ဆွေအင်အားတွေက အစား ထိုးပေးရမယ်။ ဒီမိသားစု၊မိတ် ဆွေအင်အားတွေကို အားကိုး အောင်လို့၊ ယုံကြည်အောင်လို့၊ မှီခိုအောင်လို့ လုပ်ပေးရမယ်။ ဒါကြောင့်မို့ ကျွန်မတို့ရဲ့ပြည်သူ တွေရဲ့အသိုင်းအဝိုင်းကို အခြေခံ တဲ့၊ အခြေပြုတဲ့၊ အားကိုးတဲ့မူး ယစ်ဆေးဝါးဖြတ်ပေးသူများ ပြန် လည်ထူထောင်ရေးစခန်းကြီးကို ဖွင့်တာဖြစ်ပါတယ်’’ ဟု ဒေါ် အောင်ဆန်းစုကြည်က ပြော သည်။ ဆက်လက်၍ ‘‘ကျွန်မတို့ ပြန်လည်ထူထောင်ရေးစခန်းမှာ ဆိုရင် ပြည်သူတွေအားလုံးပါဝင် နိုင်တဲ့စခန်းတစ်ခုဖြစ်ပါတယ်။ ပါ ဝင်ဖို့လည်း လိုအပ်ပါတယ်။ နည်းအမျိုးမျိုးနဲ့ ဘက်စုံပြုလုပ်ပြီး တော့၊ ကြိုးစားပြီးတော့လုပ်ရမှာ ဖြစ်ပါတယ်။ တကယ်အရေးကြီး တာက ဒီစခန်းအောင်မြင်ဖို့ဆိုရင် စခန်းကိုလာတဲ့ မူးယစ်ဆေးဖြတ် ပြီးသား ပုဂ္ဂိုလ်များဟာတကယ်ပဲ ပြတ်သွားပြီလား၊ပြတ်သွားပြီး မိ မိတို့ရဲ့ရပ်ရွာ၊ နေထိုင်ရာဒေသ တွေသာမက တဖြည်းဖြည်းနဲ့တစ် တိုင်းပြည်လုံး၊ လူသားအားလုံးကို အကျိုးပြုနိုင်တဲ့ ပုဂ္ဂိုလ်တွေပြန်ပြီး ဖြစ်လာနိုင်ဖို့ အရေးကြီးပါတယ်’’ ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြော သည်။

http://www.7daydaily.com/story/139878

Credit: 7Day Daily