Tue 20 November, 2018

ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးသော AAC မဟာမိတ်အဖွဲ့တည်ထောင်သူ အဖမ်းခံရ

ထိုင်းနိုင်ငံရောက် မြန် မာလုပ်သားများအရေး ကူညီပေး နေသော AAC မဟာမိတ်အဖွဲ့ တည်ထောင်သူ ကိုရဲမင်းကို ယမန်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး ပြီး ဘန်ကောက်မြို့၌ ထိန်းသိမ်းထားကြောင်း  ယင်းအဖွဲ့ဒါရိုက်တာ ကိုခိုင်ကြီးက ပြောသည်။ 

ကိုရဲမင်းသည် ယမန်နေ့ နေ့ လယ် ၁၂ နာရီတွင် မဟာချိုင်မြို့ ရှိ လူဝင်မှုကြီးကြပ်ရေးရုံးသို့ ဗီဇာသက်တမ်းတိုးရန် သွားရောက်စဉ် ဖမ်းဆီးခံရကြောင်း ကိုခိုင်ကြီးက ပြောသည်။ 

‘‘ထိုင်းရဲကိုမေးကြည့်တော့ အကြောင်းအရာသိချင်ရင် ဘန် ကောက်ရုံးကို လိုက်ခဲ့လို့ပြော တယ်။ ထိုင်းရဲတွေက ကိုရဲမင်းကို နာမည်ပျက်သွင်းထားတာလည်း မရှိဘူးတဲ့။ မြန်မာသံရုံးက ဖမ်းဆီး ခိုင်းလို့ ဖမ်းတာဆိုပြီး စာရွက်ထုတ်ပြလိုက်တယ်’’ဟု ကိုခိုင်ကြီး က ပြောသည်။ 

ထိုအကြောင်းအရာနှင့်ပတ် သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံး အလုပ်သမားသံအရာရှိ ဦးဆန်းမောင်ဦးထံ ဆက်သွယ်မေးမြန်းရာ သံရုံးက ဖမ်းဆီးခိုင်းခြင်းမဟုတ်ဘဲ တရားမဝင်နေထိုင်မှုဖြင့်  ဖမ်းဆီးခံရခြင်းဟု ကနဦး ကြားသိထားကြောင်း  ဦးဆန်း မောင်ဦးက ပြောသည်။ 

‘‘သံရုံးဆိုတာ ဖမ်းဆီးပေးပါ ဆိုပြီး ခိုင်းလို့ရတဲ့အာဏာရှိတာ မဟုတ်ဘူး။ နှစ်နိုင်ငံအကျိုးအ တွက် ပူးပေါင်းဆောင်ရွက်နေတာ သာဖြစ်တယ်။ ကိုရဲမင်းအဖမ်းခံရ တဲ့သတင်းကြားလို့ ကျွန်တော်တို့ လည်း ရဲတပ်ဖွဲ့ကို မေးမြန်းထား ပါတယ်။ ဘာကြောင့်ဆိုတာပေါ့။ သိရရင် သတင်းထုတ်ပြန်ပေးမှာ ပါ’’ဟု ၎င်းက ဆက်လက်ပြော ကြားသည်။ 

http://www.7daydaily.com/story/139879

Credit: 7Day Daily