Mon 26 November, 2018

အလဲဗင်းမီဒီယာ သတင်းသမား ၃ ဦးကို အာမခံပေး

By ကျော်ဇေယျာဝင်း 26 October 2018  Print  Email   
ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့ အလဲဗင်းမီဒီယာ သတင်းသမား သုံးဦးကို တာမွေမြို့နယ် တရားရုံးက ဒီကနေ့မနက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ (၁) အရ  တဦးကို ငွေကျပ် သိန်း ၁၀၀ စီ စုစုပေါင်း ကျပ်သိန်း ၃၀၀ နဲ့ အာမခံပေး လိုက်ပါတယ်။

သတင်းသမားတွေရဲ့အကျိုးဆောင်ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “ဒီကနေ့မှာ သတင်းထောက် သုံးယောက်လုံးကို အာမခံပေးတယ်။ ပေးတဲ့ နေရာမှာ တရားမျှတစွာနဲ့ ဆရာတို့ လျှောက်လွှာမှာ ဖော်ပြထားတာတွေကို လက်ခံပြီးတော့ အာမခံပေးခဲ့တယ်”လို့ပြောပါတယ်။


 
အခုလို အာမခံပေးတာနဲ့ပတ်သက်ပြီး အလဲဗင်းမီဒီယာအုပ်စုက အယ်ဒီတာချုပ် ကိုကျော်ဇောလင်းကတော့ တရားရုံးတော်က တရားစီရင်ရေးကို မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့ တယ်လို့ ပြောပါတယ်။

တရားလိုအဖြစ်တိုင်တန်းတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်ကတော့  ဒီကနေ့ တရားရုံးတော်ကိုရောက်မလာဘဲ ခွင့်တိုင်တန်းခဲ့ပါတယ်။

ဒီအမှုရုံးချိန်းကို တရားသူကြီးက လာမယ့် နိုဝင်ဘာ ၉ ရက်မှာ ထပ်မံချိန်းဆိုခဲ့ပြီး အမှု ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။

အလဲဗင်းဂျာနယ် အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနဲ့ သတင်းထောက်ချုပ် ကိုဖြိုးေ၀၀င်းတို့ကို အောက်တိုဘာ ၈ ရက်နေ့ထုတ် Weekly Eleven သတင်း ဂျာနယ် စာမျက်နှာ ၂၆ မှာဖော်ပြခဲ့တဲ့  ဆောင်းပါးနဲ့ ပတ်သက်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ရန်ကုန်တိုင်းအစိုးရက အောက်တိုဘာ ၁၀ ရက်က စတင် တရားစွဲဆိုခဲ့တာပါ။

နိုင်ငံတော် သမ္မတ ရုံးကတော့ ဒီအမှုကို သတင်းမီဒီယာကောင်စီကနေတဆင့် ညှိနှိုင်းဆောင်ရွက်ဖို့နဲ့ မီဒီယာဥပဒေနဲ့သာ အရေးယူဖို့ ရန်ကုန်တိုင်း အစိုးရကို ညွှန်ကြား ထားပါတယ်။

http://burmese.dvb.no/archives/296520

Credit: DVB