ဖုယွင်အလုပ်သမားအရေး ရန်ကုန်တိုင်းဝန်ကြီးချုပ် ညှိနှိုင်းဖြေရှင်း

|

တရုတ်နိုင်ငံသားပိုင် ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားအရေးမှာ အလုပ်ထုတ်ခံထားရသူတွေ အားလုံးကို အလုပ်ပြန်ခန့်ဖို့ အလုပ်ရှင်ဘက်က ဒီနေ့ သဘောတူလိုက်ပါတယ်။

Fri 30 November, 2018

အလဲဗင်းမီဒီယာ သတင်းသမား ၃ ဦးကို အာမခံပေး

|

ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့ အလဲဗင်းမီဒီယာ သတင်းသမား သုံးဦးကို တာမွေမြို့နယ် တရားရုံးက ဒီကနေ့မနက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ (၁) အရ တဦးကို ငွေကျပ် သိန်း ၁၀၀ စီ စုစုပေါင်း ကျပ်သိန်း ၃၀၀ နဲ့ အာမခံပေး လိုက်ပါတယ်။

Mon 26 November, 2018

ပါတီ ၂၇ ခု၏အစိုးရအပေါ် ကြေညာချက် CEC သဘောတူညီခြင်းရှိ၊ မရှိ အကြောင်းကြားရန် ကော်မရှင်ညွှွန်ကြား

|

တည်ငြိမ်ရေးနှင့် စီးပွား ရေးကောင်းလာရန် အစိုးရက ဖြေ ရှင်းပေးရေး ပူးတွဲထုတ်ပြန်သည့် နိုင်ငံရေးပါတီ ၂၇ ခု၏ ထုတ်ပြန် ချက်တွင် သက်ဆိုင်ရာပါတီအသီး သီးမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ကြိုတင်သဘောတူ ညီဆုံးဖြတ်မှုဖြင့် ဆောင်ရွက်ခဲ့ ခြင်းရှိ၊ မရှိ ကော်မရှင်သို့ တင်ပြ ရန် အောက်တိုဘာ ၂၃ ရက်၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

Sat 24 November, 2018

တိုက်ပွဲဖြစ်ပွားမှုကို RCSS ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေဟု PNLO ခေါင်းဆောင်ပြောကြား

|

ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကို RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်နှင့် တွေ့ ဆုံဆွေးနွေးရန် စီစဉ်နေသည်ဟု PNLO ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

Sat 24 November, 2018

မြန်မာ-ထိုင်းနယ်စပ်ရှိ ဒုက္ခသည်များ နေရပ်ပြန်ရေး ပိုမိုထောက်ပံ့မည်ဟု TBC အစီရင်ခံစာဖော်ပြ

|

မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ဘေးဒုက္ခသည်စခန်းများတွင် နေထိုင်နေသူများ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေး ပိုမိုထောက်ပံ့မည် ဟု နယ်စပ်ဒေသ ကူညီစောင့် ရှောက်ရေးညွှန့်ပေါင်းအဖွဲ့ (TBC) ၏ ၂၀၁၈ နှစ်လယ်ခြုံငုံတင်ပြချက် အစီရင်ခံစာ၌ ဖော်ပြထားသည်။

Sat 24 November, 2018

တိုင်းရင်းသားအဖွဲ့များ ရည်မှန်းချက်သည် အာဏာသိမ်းရန်မဟုတ်၍ တပ်မတော်တစ်ခုတည်းရှိရေးကိစ္စ ဆွေးနွေးရမည်ဟု KNU ဒုဥက္ကဋ္ဌပြော

|

တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၏ ရည်မှန်း ချက်သည် နိုင်ငံတော်အာဏာ သိမ်းရန်မဟုတ်၍ တစ်ခုတည်း သော တပ်မတော်ကိစ္စအပါအဝင် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင် ရာ ကိစ္စများကို ဆွေးနွေးရမည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူး ဝင်းက ပြောကြားသည်။

Sat 24 November, 2018

တိုက်ပွဲဆက်လက် မဖြစ်ပွားရေး ကယားပြည်နယ်အစိုးရနှင့် KNPP ဆွေးနွေးမည်

|

ကယားပြည်နယ်အစိုးရ နှင့် ကရင်နီအမျိုးသား တိုးတက် ရေးပါတီ(KNPP) ကိုယ်စားလှယ် အဖွဲ့တို့ အောက်တိုဘာ ၂၉ ရက် တွင် တွေ့ဆုံ၍ တိုက်ပွဲဆက်လက်မဖြစ်ပွားရေး ညှိနှိုင်းဆွေးနွေးမည် ဟု KNPP တွဲဖက်အတွင်းရေးမှူး ခူပလူးရယ်က ပြောသည်။

Sat 24 November, 2018

ပုသိမ်မြို့တွင် ငြိမ်းချမ်းရေးဖြစ်စဉ် ရှင်းလင်းတင်ပြခြင်းနှင့် စကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ်မည်

|

ငြိမ်းချမ်းရေးဖြစ်စဉ်ကို လူထုထံရှင်းလင်းတင်ပြခြင်းနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အ စည်းများပါဝင်သောဆွေးနွေးပွဲ တစ်ရပ်ကို အောက်တိုဘာ ၂၉ ရက်မှ ၃၁ ရက်အထိ ပုသိမ်မြို့ တွင် ပြုလုပ်မည်ဖြစ်သည်။

Fri 23 November, 2018

သမ္မတဦးဝင်းမြင့်နှင့် မဏ္ဍိုင်သုံးရပ်တွေ့ဆုံပွဲ ပုသိမ်မြို့၌ ပြုလုပ်မည်

|

နိုင်ငံတော်သမ္မတဦး ဝင်းမြင့်သည် ဧရာဝတီတိုင်းဒေသ ကြီးရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့မှ တာဝန်ရှိသူများနှင့် အောက်တို ဘာ ၂၇ ရက်တွင်တွေ့ဆုံရန် စီစဉ်ထားကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့က ပြောသည်။

Fri 23 November, 2018

ဥရောပကော်မရှင်၏ အဖွဲ့နှစ်ဖွဲ့ပေါင်း၍ မြန်မာနိုင်ငံသို့ ယခုလကုန် လာရောက်မည်

|

ဥရောပကော်မရှင်၏ နုုိင်ငံတကာရေးရာအဖွဲ့နှင့် ကုုန်သွယ်ရေးရာအဖွဲ့တုုိ့ ပူးပေါင်း၍ ယခုုလကုုန်တွင် မြန်မာနုုိင်ငံသုုိ့ လာရောက်မည်ဖြစ်ကြောင်း နုုိင်ငံခြားရေးဝန်ကြီးဌာန၊ နုုိင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစုုိးဟန်က ပြောသည်။

Fri 23 November, 2018

Newsletter