ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်ကွပ်ကျေးရွာအနီးတွင် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။
Thu 16 August, 2018

သြဂုတ်လ ၅ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်ကွပ်ကျေးရွာအနီး၌ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် အနီးတဝိုက်ကျေးရွာများဖြစ်သည့် နောင်ငင်း၊ မန်ဆာ၊ ပန်ဟတ်ကျေးရွာမှ ဒေသခံများ ထွက်ပြေး လာကြသည်ဟု နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်ချုပ်ရေးမှူး ကိုဖိုးထောင်မှပြောခဲ့သည်။ (RFA)