သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ပေါင်းစုတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့
Fri 17 August, 2018

သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်ခန့်တွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ပေါင်းစုတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ မန်ချယ်ရွာသား ၄ ဦးသည် တိုက်ပွဲတွင်း ပိတ်မိနေကြောင်း ၎င်းတို့နှင့် ဆက်သွယ်ရခဲ့သည့် မန်ချယ်ရွာသားတစ်ဦးမှ Marnagar သတင်းဌာနသို့ ပြောခဲ့သည်။ မန်လီ ဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် မန်ချယ်ရွာသားတစ်ဦးမှ "သူတို့နဲ့ဖုန်းဆက်တုန်းက ထွက်လာလို့မရတော့ဘူးတဲ့ အိမ်ထဲဝပ်နေရတယ်။ အချင်းချင်း ပစ်ခတ်နေကြတယ်" ဟု ပြောခဲ့သည်။