တာမိုးညဲဘက်တွင် ဖြစ်ပွါးနေသော တိုက်ပွဲတွင် မြန်မာတပ်မတော်ဘက်မှ တပ်မ ၁၁ ၊ တပ်မ ၆၆ နှင့် ဒေသအတွင်းနေထိုင်လှုပ်ရှားသည့်တပ်ရင်းများဖြစ်ပြီး မြောက်ပိုင်းမဟာ မိတ် တပ်ဖွဲ့ဘက်ကမူ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဖြစ်သည်။
Wed 15 August, 2018

ဩဂုတ်လ ၁၂ ရက်မှ ၁၅ ရက်နေ့အထိ တိုက်ပွဲများ နေစဉ်ဖြစ်ပွားနေခြင်းဖြစ်ပြီး လက်ရှိတွင် မြန်မာတပ်မတော်မှ စစ်အင်အားများဆက်တိုက်ဖြည့်တင်း နေကြောင်း၊ “ဒီဘက်မှာ သျှမ်းတပ်တွေသိပ်မရောက်ဘူး။ ဝမ့်ဟိုင်းတပ်တော့ မကြာမကြာရောက်တတ်ပါတယ်။ အများဆုံးက ကချင်တပ်ဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဘဲရှိတယ်။ အခုတိုက်ပွဲပြင်းထန်နေတာက မုံးဝင်း၊ တာမိုးညဲ ဘက်ကပေါ့။ အခု ကွတ်ခိုင်ကနေ အစိုးရစစ်အင်အားထပ်တက်သွားတယ် “– ဟု ဒေသအတွင်း နေထိုင်သည့် သျှမ်းလူငယ် စိုင်းလှမှ ပြောခဲ့သည်။ တာမိုးညဲဘက်တွင် ဖြစ်ပွါးနေသော တိုက်ပွဲတွင် မြန်မာတပ်မတော်ဘက်မှ တပ်မ ၁၁ ၊ တပ်မ ၆၆ နှင့် ဒေသအတွင်းနေထိုင်လှုပ်ရှားသည့်တပ်ရင်းများဖြစ်ပြီး မြောက်ပိုင်းမဟာ မိတ် တပ်ဖွဲ့ဘက်ကမူ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဖြစ်သည်။