22 Aug 2018

မိုင်းယော်တိုက်နယ် ပန်ခုတ်ကျေးရွာအနီးတွင် သြဂုတ် ၂၁ ရက် နံနက် ၈ နာရီမှ ၉ နာရီခွဲဝန်းကျင်ထိ တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့အကြား ၁ နာရီကျော် ကြာ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မိုင်းယော်တိုက်နယ် ပန်ခုတ်ကျေးရွာအနီးတွင် သြဂုတ် ၂၁ ရက် နံနက် ၈ နာရီမှ ၉ နာရီခွဲဝန်းကျင်ထိ တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့အကြား ၁ နာရီကျော် ကြာ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။   Read More |

20 Aug 2018

ရှမ်းပြည်နယ် မိုင်ငေါ့မြို့နယ်ခွဲ နမ့်ဖိတ်ကျေးရွာနှင့် လွယ်ပန်တန်ကျေးရွာကြားတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော် တပ်မ ၇၇ လက်အောက်ခံ ခလရ ၆ တို့ တိုက်ပွဲတကြိမ် ဖြစ်ပွားခဲ့ပြီး၊ ညနေပိုင်း ၁၆း၀၀ နာရီမှ ၁၉း၀၀ နာရီထိ တစ်ကြိမ် ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

သြဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်း ၁၁း၃၀ နာရီမှ ၁၄း၀၀ အချိန်ထိ ရှမ်းပြည်နယ် မိုင်ငေါ့မြို့နယ်ခွဲ နမ့်ဖိတ်ကျေးရွာနှင့် လွယ်ပန်တန်ကျေးရွာကြားတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော် တပ်မ ၇၇ လက်အောက်ခံ ခလရ ၆ တို့ တိုက်ပွဲတကြိမ် ဖြစ်ပွားခဲ့ပြီး၊ ညနေပိုင်း ၁၆း၀၀ နာရီမှ ၁၉း၀၀ နာရီထိ တစ်ကြိမ် ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။   Read More |

18 Aug 2018

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အရှေ့ဘက်မိုင် ၃၀ ကျော်အကွာ မိုင်းယော်တိုက်နယ် အရှေ့ဘက်မိုင် ၂၀ အကွာရှိ ပန်ကိန် ဟိုဆေဒေသတွင် မြန်မာ့ တပ်မတော်နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ပူးပေါင်းထားသော မြောက်ပိုင်းမဟာမိတ် တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ သည်။

ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အရှေ့ဘက်မိုင် ၃၀ ကျော်အကွာ မိုင်းယော်တိုက်နယ် အရှေ့ဘက်မိုင် ၂၀ အကွာရှိ ပန်ကိန် ဟိုဆေဒေသတွင် မြန်မာ့ တပ်မတော်နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ပူးပေါင်းထားသော မြောက်ပိုင်းမဟာမိတ် တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ သည်။   Read More |

17 Aug 2018

သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ပေါင်းစုတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့

သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်ခန့်တွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ပေါင်းစုတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ မန်ချယ်ရွာသား ၄ ဦးသည် တိုက်ပွဲတွင်း ပိတ်မိနေကြောင်း ၎င်းတို့နှင့် ဆက်သွယ်ရခဲ့သည့် မန်ချယ်ရွာသားတစ်ဦးမှ Marnagar သတင်းဌာနသို့ ပြောခဲ့သည်။ မန်လီ ဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် မန်ချယ်ရွာသားတစ်ဦးမှ "သူတို့နဲ့ဖုန်းဆက်တုန်းက ထွက်လာလို့မရတော့ဘူးတဲ့ အိမ်ထဲဝပ်နေရတယ်။ အချင်းချင်း ပစ်ခတ်နေကြတယ်" ဟု ပြောခဲ့သည်။   Read More |

16 Aug 2018

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်ကွပ်ကျေးရွာအနီးတွင် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။

သြဂုတ်လ ၅ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်ကွပ်ကျေးရွာအနီး၌ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် အနီးတဝိုက်ကျေးရွာများဖြစ်သည့် နောင်ငင်း၊ မန်ဆာ၊ ပန်ဟတ်ကျေးရွာမှ ဒေသခံများ ထွက်ပြေး လာကြသည်ဟု နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်ချုပ်ရေးမှူး ကိုဖိုးထောင်မှပြောခဲ့သည်။ (RFA)   Read More |

15 Aug 2018

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာတေကျေးရွာအုပ်စု နမ့်ကျိုင်း ကျေးရွာ အနီးရှိ တောင်ကြောတစ်လျှောက်တွင် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၊တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ပူးပေါင်းဦးဆောင်သော မြောက်ပိုင်းစစ်ရေး မဟာမိတ်တပ်ဖွဲ့အချို့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် (RCSS/SSA)တို့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ဇူလိုင်လ ၃၁ ရက်နေ့ နေ့လည် ၃:၂၀ အချိန်ခန့်တွင် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာတေကျေးရွာအုပ်စု နမ့်ကျိုင်း ကျေးရွာ အနီးရှိ တောင်ကြောတစ်လျှောက်တွင် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ပူးပေါင်းဦးဆောင်သော မြောက်ပိုင်းစစ်ရေး မဟာမိတ်တပ်ဖွဲ့အချို့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် (RCSS/SSA)တို့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲတွင် RCSS/SSA ဘက်မှ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး SSPP/SSA ၊ TNLA နှင့် မြောက်ပိုင်းစစ်ရေး မဟာမိတ် တပ်ဖွဲ့ဝင်ဘက်မှ တပ်သား ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိပြီး တပ်သား ၃ ဦးကျဆုံးကြောင်းTaiFreedom သတင်းဌာနတွင် ဖော်ပြခဲ့သည်။   Read More |

15 Aug 2018

တာမိုးညဲဘက်တွင် ဖြစ်ပွါးနေသော တိုက်ပွဲတွင် မြန်မာတပ်မတော်ဘက်မှ တပ်မ ၁၁ ၊ တပ်မ ၆၆ နှင့် ဒေသအတွင်းနေထိုင်လှုပ်ရှားသည့်တပ်ရင်းများဖြစ်ပြီး မြောက်ပိုင်းမဟာ မိတ် တပ်ဖွဲ့ဘက်ကမူ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဖြစ်သည်။

ဩဂုတ်လ ၁၂ ရက်မှ ၁၅ ရက်နေ့အထိ တိုက်ပွဲများ နေစဉ်ဖြစ်ပွားနေခြင်းဖြစ်ပြီး လက်ရှိတွင် မြန်မာတပ်မတော်မှ စစ်အင်အားများဆက်တိုက်ဖြည့်တင်း နေကြောင်း၊ “ဒီဘက်မှာ သျှမ်းတပ်တွေသိပ်မရောက်ဘူး။ ဝမ့်ဟိုင်းတပ်တော့ မကြာမကြာရောက်တတ်ပါတယ်။ အများဆုံးက ကချင်တပ်ဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဘဲရှိတယ်။ အခုတိုက်ပွဲပြင်းထန်နေတာက မုံးဝင်း၊ တာမိုးညဲ ဘက်ကပေါ့။ အခု ကွတ်ခိုင်ကနေ အစိုးရစစ်အင်အားထပ်တက်သွားတယ် “– ဟု ဒေသအတွင်း နေထိုင်သည့် သျှမ်းလူငယ် စိုင်းလှမှ ပြောခဲ့သည်။ တာမိုးညဲဘက်တွင် ဖြစ်ပွါးနေသော တိုက်ပွဲတွင် မြန်မာတပ်မတော်ဘက်မှ တပ်မ ၁၁ ၊ တပ်မ ၆၆ နှင့် ဒေသအတွင်းနေထိုင်လှုပ်ရှားသည့်တပ်ရင်းများဖြစ်ပြီး မြောက်ပိုင်းမဟာ မိတ် တပ်ဖွဲ့ဘက်ကမူ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဖြစ်သည်။   Read More |

15 Aug 2018

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာတွင် ရှမ်းပြည်ပြန်လည် ထူထောင် ရေး ကောင်စီ (RCSS) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ ၅ နာရီကျော်ကြာ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

သြဂုတ်လ ၁၅ ရက် နံနက်ပိုင်း ၀၉း၁၅ နာရီမှ ၁၃း၃၀ နာရီထိ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာတွင် ရှမ်းပြည်ပြန်လည် ထူထောင် ရေး ကောင်စီ (RCSS) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ ၅ နာရီကျော်ကြာ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။   Read More |

10 Aug 2018

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့ နယ်ဟိုခိုင်းကျေးရွာအုပ်စု ပျဉ်ဝင်ကျေးရွာအနီး ၊ ဟမ်းငိုင်းကျေးရွာအုပ်စု ဟိုခိုင်းကျေးရွာအနောက်ဘက်ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်စခန်းတခုအား မြန်မာ့တပ်မတော်မှ တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဇူလိုင် ၉ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့ နယ်ဟိုခိုင်းကျေးရွာအုပ်စု ပျဉ်ဝင်ကျေးရွာအနီး ၊ ဟမ်းငိုင်းကျေးရွာအုပ်စု ဟိုခိုင်းကျေးရွာအနောက်ဘက်ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်စခန်းတခုအား မြန်မာ့တပ်မတော်မှ တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ (ShanNew) (TaiFreedom) (Irrawaddy)   Read More |

09 Aug 2018

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်၌ လားရှိုးမြို့မှ လောက်ကိုင်မြို့သို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း မောင်းနှင်လာသည့် တပ်မတော်ယာဉ်တန်းသည် သိန္နီမြို့နယ် စံလောင်း ကျေးရွာနား၌ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ဇူလိုင်လ ၈ ရက်နေ့ ညတွင် ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်၌ လားရှိုးမြို့မှ လောက်ကိုင်မြို့သို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း မောင်းနှင်လာသည့် တပ်မတော်ယာဉ်တန်းသည် သိန္နီမြို့နယ် စံလောင်း ကျေးရွာနား၌ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ မိုင်းပေါက်ကွဲမှုအား တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးနေစဉ် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့မှ ပစ်ခတ်ခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးချုပ် ဇော်ခင်အောင်မှ ပြောခဲ့သည်။ (Popular) (7Day)   Read More |

Newsletter