15 Aug 2018

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာတေကျေးရွာအုပ်စု နမ့်ကျိုင်း ကျေးရွာ အနီးရှိ တောင်ကြောတစ်လျှောက်တွင် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၊တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ပူးပေါင်းဦးဆောင်သော မြောက်ပိုင်းစစ်ရေး မဟာမိတ်တပ်ဖွဲ့အချို့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် (RCSS/SSA)တို့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ဇူလိုင်လ ၃၁ ရက်နေ့ နေ့လည် ၃:၂၀ အချိန်ခန့်တွင် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာတေကျေးရွာအုပ်စု နမ့်ကျိုင်း ကျေးရွာ အနီးရှိ တောင်ကြောတစ်လျှောက်တွင် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ပူးပေါင်းဦးဆောင်သော မြောက်ပိုင်းစစ်ရေး မဟာမိတ်တပ်ဖွဲ့အချို့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် (RCSS/SSA)တို့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲတွင် RCSS/SSA ဘက်မှ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး SSPP/SSA ၊ TNLA နှင့် မြောက်ပိုင်းစစ်ရေး မဟာမိတ် တပ်ဖွဲ့ဝင်ဘက်မှ တပ်သား ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိပြီး တပ်သား ၃ ဦးကျဆုံးကြောင်းTaiFreedom သတင်းဌာနတွင် ဖော်ပြခဲ့သည်။   Read More |

PG

Newsletter