11 Jul 2018

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်း ကျေးရွာအုပ်စု နမ့်အွတ်-နားလေ ကျေးရွာကြား၌ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာ့တပ်မတော် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ဇူလိုင်လ ၁၀ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်း ကျေးရွာအုပ်စု နမ့်အွတ်-နားလေ ကျေးရွာကြား၌ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာ့တပ်မတော် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများကြောင့် ဟမ်းငိုင်းကျေးရွာ လွယ်စက်တော် ကျောင်း တိုက်တိုင်တွင် အိမ်ခြေ ၁၀၂ အိမ် လူဦးရေ ၃၅၇ ယောက်၊ ကုန်းစုံကျောင်းတိုက်တွင် အိမ်ခြေ ၃၀ လူဦးရေ ၉၄ ယောက် စစ်ဘေး ရှောင်နေရကြောင်း၊ တုံလော ၊ နမ့်လန် နှင့် တခြား ကျေးသီး၊ မိုင်းရယ် မိုင်းကိုင်တို့ဘက် တိမ်းရှောင်ကြသည့် ရွာသားများ၊ ကျောင်းဆရာ ဆရာမ များလည်း ရှိကြောင်း မိုင်းကိုင်မြို့ ပြည်နယ် လွတ်တော်အမတ် စိုင်းလုံ မှပြောခဲ့သည်။ (TaiFreedom) (ShanNew) (ShanNew)   Read More |

23 Jun 2018

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပင့်ဝင့်ရွာ၌ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်း ၆ နာရီတွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပင့်ဝင့်ရွာ၌ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် ပင့်ဝင့်ရွာရှိ ကိုရင် တပါး ခြေထောက်ထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး ကျေးရွာသားများသည် လယ်ယာ၊ တောင်ယာများသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။   Read More |

20 Jun 2018

ကချင်ပြည်နယ် အနောက်ဘက် ဖားကန့်လမ်း နန်းယား (Nan Ya) ကျေးရွာ အနီး မနော်ပါ (Manaw Pa) လမ်းဆုံတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မြန်မာ့တပ်မတော် ခလရ (၂၉၇) စစ်ကြောင်းကို မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့သည်

ဇွန်လ ၁၈ ရက်နေ့တွင် ကချင်ပြည်နယ် အနောက်ဘက် ဖားကန့်လမ်း နန်းယား (Nan Ya) ကျေးရွာ အနီး မနော်ပါ (Manaw Pa) လမ်းဆုံတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မြန်မာ့တပ်မတော် ခလရ (၂၉၇) စစ်ကြောင်းကို မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု Kachin News သတင်းဌာနမှ ဖော်ပြခဲ့သည်။   Read More |

08 Jun 2018

ရှမ်းပြည်နယ် မြောက်ပိုင်း တအန်း နယ် တပ်မဟာ ၁ နယ်မြေ နမ္မတူမြို့နယ် မန်အိုင်ကျေးရွာ အထက်၌ တအန်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီမှ နေလည်ပိုင်း ၂ နာရီ ၂၀ မိနစ် အချိန်ထိ ရှမ်းပြည်နယ် မြောက်ပိုင်း တအန်း နယ် တပ်မဟာ ၁ နယ်မြေ နမ္မတူမြို့နယ် မန်အိုင်ကျေးရွာ အထက်၌ တအန်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။   Read More |

29 May 2018

မေ ၂၆၊၂၇၊၂၈ ၌ ULA/AA နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်

မေလ ၂၆ ရက်နေ့၊ ညနေ (၅) နာရီ (၁၀) မိနစ်ခန့်အချိန်တွင် ရက္ခိုင့်တပ်မတော် (ULA/AA) နှင့် မြန်မာ့တပ်မတော်တို့ ဆတ်တလာဝရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။ မြန်မာ့တပ်တော်မှ ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ထိုပြင် မေလ ၂၇ ရက်နေ့ ညနေ (၆) နာရီ (၂၂) မိနစ်မှ (၉)နာရီအထိ အုံးသီးဝ ရွာအနီးတွင် လည်းကောင်း၊ မေလ ၂၈ ရက်၊ ညနေ ၄ နာရီ၌ "ဥဿလင်းချောင်း" တွင်လည်းကောင်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။   Read More |

28 May 2018

မေလ ၂၇ ရက်နေ့ တွင် ဖားကန့်လမ်း၊ KKahtan Yang ကျေးရွာ နှင့် မိုးကောင်းမြို့နယ်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မူများဖြစ်ပွားခဲ့

မေလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ကချင်ပြည်နယ် ဖားကန့်လမ်းရှိ မြန်မာ့တပ်မတော် တပ်စခန်း၂ ခု မှလက်နက်ကြီးများဖြင့် အကြိမ်များစွာ ပစ်ခတ်ခဲ့သည်ဟု ဒေသခံများမှ ပြောခဲ့သည်။ ညနေ့ ၄ နာရီတွင် Kahtan Yang ကျေးရွာ ဖုန်း microwave တောင်စခန်း မှ Lai Nawng Hku( လိုင်နှောင်းခူး) ဘက်ကို လက်နက်ကြီး ၂ကြိမ် ပစ်ခတ်ခဲ့ပြီး ၁လုံး ကျေးရွာ ရပ်ကွက် ၁ လူသွားလမ်းပေါ် ကျရောက်ပေါက်ကွဲခဲ့သော်လည်း ထိခိုက်မူူမရှိခဲ့၊ ညနေ ၅နာရီခန့်မှာလည်း မိုးကောင်းမြို့နယ် Namsheng Bum (နန်းဟိုင်းတောင်) နှင့် Hka San Bum (စီတုံတောင်) ဘက်ကို ဆောင်းခါးကျေးရွာအနီး laika Galai (စာပို့) စခန်းမှ လက်နက်ကြီး အကြိမ်များစွာ ပစ်ခတ်ခဲ့သည်ဟု ဒေသခံများမှပြောခဲ့သည်။   Read More |

23 May 2018

မိုင်းကိုင်မြို့နယ်အတွင်း RCSS နှင့်အစိုးရတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့

မေလ၂၂ ရက်နေ့ နေ့လည် ၃ နာရီ ၂၀ မိနစ်မှ ၃ နာရီ ၄၀ မိနစ်အထိ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် မိုင်းခွန် ကျေးရွားအနီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်(RCSS/SSA)နှင့် မြန်မာ့တပ်မတော် တိုက်ပွဲဖြစ်ပွားခဲ့သည်။   Read More |

23 May 2018

နမ္မတူမြို့နယ် နာလင်းကျေးရွာနှင့် ပန်ယာကျေးရွာကြား၌ TNLA နှင့် မြန်မာ့တပ်မတော် ခမရ ၃၂၄ တို့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

မေလ ၂၂ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီ ၂၀ မိနစ် အချိန်ခန့်တွင် ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် နာလင်းကျေးရွာနှင့် ပန်ယာကျေးရွာကြား၌ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မြန်မာ့တပ်မတော် ခမရ ၃၂၄ တို့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်။   Read More |

21 May 2018

တပ်မတော်နှင့် AA တို့ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး တိုက်ပွဲဖြစ်ပွားခဲ့

မေလ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်တွင် ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ် မှတ်တိုင် (၆၃) နှင့် (၆၄) အနီး၌ မြန်မာ့တပ်မတော်၏ စကခ ၁၅ လက်အောက်ခံ ဘူသီးတောင် မောင်းတော အခြေစိုက် ခလရ (၂၆၃) တပ်ရင်းနှင့် ရက္ခိုင်တပ်မတော် (ULA/AA) တို့ ၄၅ မိနစ်ကြာတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ညနေပိုင်းထိ ဆက်လက် တိုက်ပွဲဖြစ်ပွားခဲ့သည်။တိုက်ပွဲအတွင်း ULA/AA ဘက်မှ တစ်ဦး သေဆုံးခဲ့ပြီး မြန်မာ့တပ်မတော်ဘက်မှ ၉ ဦး သေဆုံးခဲ့သည်။ ထို့အပြင် ULA/AA မှ မြန်မာ့တပ်မတော်သား ၃ ဦးကိုဖမ်းဆီးခဲ့သည်။   Read More |

19 May 2018

တာမိုးညဲမြို့နယ်ခွဲ တက္ကနိုင်ကျေးရွာနှင့် ရှောက်ကိုင် ကျေးရွာကြား ရှောက်ကိုင်ကျေးရွာအထက်၌ TNLA တပ်ရင်း ၃၃၅ နှင့် မြန်မာ့တပ်မတော် တပ်မ ၁၁ တို့ နှစ်ဖက်ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

မေလ ၁၈ ရက်နေ့ နံနက်ပိုင်း ၆း၄၅ နာရီမှ ရး၃၀ နာရီထိ ရှမ်းပြည်နယ်၊ တပ်မဟာ ၅ နယ်မြေ တာမိုးညဲမြို့နယ်ခွဲ တက္ကနိုင်ကျေးရွာနှင့် ရှောက်ကိုင် ကျေးရွာကြား ရှောက်ကိုင်ကျေးရွာအထက်၌ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၃၃၅ နှင့် မြန်မာ့တပ်မတော် တပ်မ ၁၁ တို့ နှစ်ဖက်ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။   Read More |

Newsletter