19 May 2018

နမ့်ခမ်းမြို့နယ် နှင့် ကွတ်ခိုင်မြို့နယ်တွင် တအန်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွား

မေလ ၁၉ ရက်နေ့ နံနက် ၇ နာရီ မှ ၈ နာရီအထိ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ ဖားပျံ(ဖာပဲန်) ကျေးရွာအောက်၌ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း(၄၇၈/၅၇၁) နှင့် မြန်မာ့တပ်မတော် တပ်မ (၈၈) တို့တွင် တိုက်ပွဲတကြိမ်ဖြစ်ပွားခဲ့ပြီး၊ တအန်းတပ်မဟာ နယ်မြေ ၅ ကွတ်ခိုင်မြို့နယ်၊ ရွှေမော်ရွာအနီး၌လည်း တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ၈၁၈ နှင့် မြန်မာ့တပ်မတော် တပ်မ ၁၁ တို့ နေ့လည် ၁နာရီတွင် တကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။   Read More |

17 May 2018

ကွတ်ခိုင်မြို့နယ်၊ ဟိုမောကျေးရွာအနီး၌TNLA နှင့် မြန်မာ့တပ်မတော်တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။

မေလ ၁၆ ရက်နေ့တွင် ရှမ်းပြည်နယ်တပ်မဟာ ၅ နယ်မြေ ကွတ်ခိုင်မြို့နယ်၊ ဟိုမောကျေးရွာအနီး၌ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် မြန်မာ့တပ်မတော်တို့ နံနက်(၆) နာရီမှ နံနက်(၆း၃၀) နာရီထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။   Read More |

17 May 2018

၂၀၁၈၊ မေလ (၁၅) ရက်နေ့တိုက်ပွဲသတင်း

မေလ(၁၅) ရက်နေ့တွင် ကချင်ပြည်နယ် ဖားကန့်ဒေသအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း(၆) နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ထို့ပြင် ဟူကောင်းခရိုင်၊ KIA တပ်ရင်း(၁၄) အား ပယင်းမှော်ဖက်မှ မြန်မာ့တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အတူ အင်ဂျန်းယန်မြို့နယ်၌ KIA တပ်မဟာ(၁)၊ တပ်ရင်း(၄) နှင့် မြန်မာ့တပ်မတော်၏ တပ်မ(၃၃) လက်အောက်ခံ၊ ခလရ(၁၂၀)တို့သည် နံနက်(၇) နာရီ(၅၀)မိနစ်အထိ မိနစ်(၅၀)ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မတော် တပ်မ(၁၁)လက်အောက်ခံ ခမရ(၂၁၇) နှင့် မြောက်ပိုင်းမဟာမိတ် (KIA+MNDAA) ပူးပေါင်းတပ်တို့သည် KIA တပ်မဟာ(၆) ပတ်ဝန်းကျင်၌လည်းကောင်း၊ မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် (MNDAA+TNLA) ပူးပေါင်းတပ်တို့သည် မူဆယ်-ကွတ်ခိုင်ကားလမ်းနံဘေး ထန်ဖာဘွမ် (Htanhpa Bun) အနီးတွင်လည်းကောင်း၊ ကွတ်ခိုင်မြို့နယ် မန်ပိုင်ကျေးရွာအနီးတွင် လည်းကောင်း အသီးသီးတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။   Read More |

16 May 2018

မုန်းဂျီးခရိုင်၊ မန်ပင်း(Man Pyin)၌ KIA တပ်ရင်း(၂)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မေလ(၁၄) ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ရင်းဌာနချုပ်အား မြန်မာ့တပ်မတော်မှ ဂျက်တိုက်လေယာဉ်(၂)စီးဖြင့် နံနက်(၉)နာရီ (၄၀) မိနစ်မှ (၁၁)နာရီအတွင်း နှစ်ကြီမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ထိုပြင် မုန်းဂျီးခရိုင်၊ မန်ပင်း(Man Pyin)၌ KIA တပ်ရင်း(၂)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။   Read More |

16 May 2018

ကွတ်ခိုင်မြို့နယ် မန်ပိုင်ကျေးရွာ၌(TNLA)+(MNDAA) ပူးတွဲတပ်ဖွဲ့ နှင့် မြန်မာ့တပ်မတော် တပ်မ ၁၁ တို့ နှစ်ဖက်ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့

မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်တပ်မဟာ ၅ နယ်မြေ ကွတ်ခိုင်မြို့နယ် မန်ပိုင်ကျေးရွာ၌ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) တပ်ရင်း ၂၂၃ မဟာမိတ်+မြန်မာနိုင်ငံအမျိုးသား ဒီမိုကရေစီ အဟာမိတ် တပ်မတော်(MNDAA) ပူးတွဲတပ်ဖွဲ့ နှင့် မြန်မာ့တပ်မတော် တပ်မ ၁၁ တို့ နှစ်ဖက်ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။   Read More |

15 May 2018

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကုလားတန်မြစ် အရှေ့ဖက်ကမ်း၊ ကုန်ပြင်ရွာအနီး၌ULA/AA နှင့်မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မေလ ၁၄ ရက်နေ့၊ နံနက် ၈ နာရီခန့်မှစ၍ နေ့လည် ၁၂ နာရီ ၄၀ မိနစ်ထိ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကုလားတန်မြစ် အရှေ့ဖက်ကမ်း၊ ကုန်ပြင်ရွာအနီး၌ ရက္ခိုင့်လွတ်မြောက်ရေးတပ်မတော်(ULA/AA) နှင့်မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။   Read More |

15 May 2018

တအန်းလွတ်မြောက်ရေး တပ်မတော် TNLA နှင့် မြန်မာ့တပ်မတော် တို့ တိုက်ပွဲဖြစ်ပွား

မေလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၀း၄၅ နာရီထိ ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာနှင့် ကောင်းခါးကျေးရွာကြား၌ တအန်းလွတ်မြောက်ရေး တပ်မတော် TNLA တပ်ရင်း (၇၇၇)နှင့် မြန်မာ့တပ်မတော် တပ်မ ၁၁ တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။   Read More |

12 May 2018

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း မြန်မာတပ်မတော် နှင့် ရှမ်းပြည်တိုးတက်ရေးတပ်မတော် (SSPP/SSA)တို့ တိုက်ပွဲဖြစ်ပွားခဲသည်။

မေလ ၁၁ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း မြန်မာတပ်မတော် နှင့် ရှမ်းပြည်တိုးတက်ရေးတပ်မတော် (SSPP/SSA)တို့ တိုက်ပွဲဖြစ်ပွားခဲသည်။   Read More |

12 May 2018

မူဆယ်မြို့၌ ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် ၁၉ သေဆုံး၊ ၂၇ ယောက် ဒဏ်ရာရရှိခဲ့

မေလ ၁၂ ရက်နေ့ုတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။တိုက်ပွဲကြောင့် ရဲ၊ ပြည်သူ့စစ်နှင့် အရပ်သား ၁၉ ဦး သေဆုံးပြီး ၂၇ဦး ဒဏ်ရာရရှိခဲ့သည်။   Read More |

11 May 2018

တပ်မဟာ ၅ နယ်မြေ ကွတ်ခိုင်မြို့နယ် ရွှေမှော်ကျေးရွာအနီး နေ့လည်ပိုင်း ၁၃း၂၀ နာရီမှ စတင်ပြီး ၁၄း၂၀ နာရီအချိန်ထိ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၈၁၈ နှင့် မြန်မာစစ်တပ် တပ်မ ၁၁ တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

မေလ ၉ ရက်နေ့တွင်လည်း တပ်မဟာ ၅ နယ်မြေ ကွတ်ခိုင်မြို့နယ် ရွှေမှော်ကျေးရွာအနီး နေ့လည်ပိုင်း ၁၃း၂၀ နာရီမှ စတင်ပြီး ၁၄း၂၀ နာရီအချိန်ထိ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၈၁၈ နှင့် မြန်မာစစ်တပ် တပ်မ ၁၁ တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။   Read More |

Newsletter