11 May 2018

မေလ ၁၀ရက် ၂၀၁၈ တွင် နမ္မတူမြို့နယ်၌ တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့

မေလ ၁၀ ရက်နေ့ နံနက်ပိုင်း ရး၀၀ နာရီမှ ၈း၂၀ နာရီထိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ နာလေးကျေးရွာ အနီး၌ မြန်မာ့တပ်မတော်နှင့် တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့ပြင် နံနက်ပိုင်း ၉း၂၅ မှ ၁၀း၂၅ ထိ တစ်ကြိမ်၊ နေ့လည်ပိုင်း ၁၂း၃၅ နာရီမှ ၁၃း၁၅ နာရီထိ တစ်ကြိမ် မန်အိုင်ကျေးရွာအနီးတွင် တိုက်ပွဲ (၂)ကြိမ် ဖြစ်ပွားခဲ့သည်။   Read More |

10 May 2018

နမ္မတူမြို့နယ်တွင် လက်နက်ကြီးများဖြင့် တိုက်ခိုက်မူဖြစ်ပွား

မေလ ၉ ရက်နေ့ ညနေ ၆း၁၅ မိနစ်တွင် ရှမ်းပြည် နမ္မတူမြို့နယ် ဟိုနားကျေးရွာမှနေ၍ မန်အိုင်ကျေးရွာဘက်သို့ ဦးတည်ပြီး မြန်မာတပ်မတော်မှ လက်နက်ကြီးများဖြင့် ၅ ကြိမ်တိုင်ပစ်ခဲ့ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကလည်း ခိုယောင်(လီရှော) ကျေးရွာမှ နေ၍ ပန်ကျိုင်းတံတားဘက်သို့ ဦးတည်ပြီး လက်နက်ကြီးများဖြင့် ၃ကြိမ်တိုင်ပစ်ခတ်ခဲ့သည်ဟု TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်သည်။   Read More |

10 May 2018

ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန်ဖြစ်ကြောင်းအတွင်း၌ AA နှင့် မြန်မာ့တပ်မတော်တို့တိုက်ပွဲထပ်မံဖြစ်ပွား

မေလ ၉ ရက်နေ့ နံနက်(၉) နာရီ (၃၀) မိနစ်တွင်အိန္နိယ-မြန်မာနယ်စပ်၊ ကုန်ပြင်ရွာမြောက်ဖက်(၂) ကီလိုမီတာအနီး၊ ကုလားတန်မြစ်ကြောင်း၊ "ပင်မချောင်း" အနီး မြန်မာ့တပ်မတော် နှင့် ရက္ခိုင်တပ်မတော်(AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။   Read More |

10 May 2018

မူတရော်(ဖာပွန်)ခရိုင်၊လူသောမြို့နယ်ရှိ ခေးပူ၊ လယ်မူပလောကြား ကားလမ်းဟောင်းကို မြန်မာ့တပ်တော်က မေလ ၆ ရက်နေ့မှစ၍ ကားလမ်းဖောက်လုပ်မူများ တဖန်ပြန်လည် ပြုလုပ်လာသောကြောင့် နှစ်ဖက်တပ်အကြား မေလ ၆ရက်နေ့တွင် ၂ ကြိမ်၊ မေလ ၇ ရက်နေ့တွင် ၃ ကြိမ်နှင့် မေလ ၈ရက်နေ့တွင် ၃ ကြိမ် ပစ်ခတ်မူများ ဖြစ်ပွားခဲ့သည်။

KNU-ကရင်အမျိုးသားအစည်းအရုံး၊ မူတရော်(ဖာပွန်)ခရိုင်၊လူသောမြို့နယ်ရှိ ခေးပူ၊ လယ်မူပလောကြား ကားလမ်းဟောင်းကို မြန်မာ့တပ်တော်က မေလ ၆ ရက်နေ့မှစ၍ ကားလမ်းဖောက်လုပ်မူူများ တဖန်ပြန်လည် ပြုလုပ်လာသောကြောင့် နှစ်ဖက်တပ်အကြား မေလ ၆ရက်နေ့တွင် ၂ ကြိမ်၊ မေလ ၇ ရက်နေ့တွင် ၃ ကြိမ်နှင့် မေလ ၈ရက်နေ့တွင် ၃ ကြိမ် ပစ်ခတ်မူများ ဖြစ်ပွားခဲ့သည်။   Read More |

08 May 2018

ရှမ်းမြောက် မူဆယ်မြို့နယ် မန်ထာရွာနှင့် ခိုမုန်းရွာကြားရှိ လွယ်မော့တောင်၌ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ရင်း(၇၇၇) နှင့် မြန်မာ့တပ်မတော် တပ်မ ၁၁ တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မေလ ၆ ရက်နေ့တွင် နေလည်ပိုင်း ၁၅း၄၅ နာရီမှ ၁၆း၅၀ နာရီထိ ရှမ်းမြောက် မူဆယ်မြို့နယ် မန်ထာရွာနှင့် ခိုမုန်းရွာကြားရှိ လွယ်မော့တောင်၌ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ရင်း(၇၇၇) နှင့် မြန်မာ့တပ်မတော် တပ်မ ၁၁ တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။   Read More |

07 May 2018

ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ် မန်ဆာကျေးရွာ၌ တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။

မေလ ၅ ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ် မန်ဆာကျေးရွာ၌ တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲတွင် (TNLA) ဘက်မှ ၁၁ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ (SSPP) ဘက်မှ ၁ ဦး သေဆုံးခဲ့ပြီး ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။တိုက်ပွဲအတွင်း TNLA မှ လက်နက်ကြီးကျည်ပစ်ခတ်မူကြောင့် မန်ဆာအွမ်ဒေသခံ ၂ ဦးလက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိကာ မန်ဆာအွမ်ကျေးရွာ ဥက္ကဋ္ဌကိုလည်း TNLA မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု RCSS ပိုင် သတင်းဌာနဖြစ်သော Taifreedom မှသတင်းထုတ်ပြန်ခဲ့သည်။   Read More |

05 May 2018

ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန်ဖြစ်ကြောင်းအတွင်း၌ AA နှင့် မြန်မာ့တပ်မတော်တို့တိုက်ပွဲဖြစ်ပွားခဲ့

မေလ ၃ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်မှ ၁၀ နာရီ ၅၀ မိနစ် အချိန်ထိ အိန္ဒိယ-မြန်မာနယ်စစ်၊ ကုန်ပြင်ရွာ မြောက်ဖက် ၂ ကီလိုမီတာ အနီး၊ ကုလားတန်မြစ်ကြောင်းအတွင်း၌ မြန်မာ့တပ်မတော်၏ စကခ ၉ လက်အောက်ခံ၊ မင်းပြား အခြေစိုက်၊ ခမရ ၅၄၁ တပ်ရင်းနှင့် ရက္ခိုင့် တပ်မတော် တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ မြန်မာ့တပ်မတော်ဘက်မှ ၄ ဦး သေဆုံးခဲ့ပြီး ၆ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။တပ်မတော်ဘက်မှ နေ့လည် ၁၂ နာရီခန့်တွင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့သည်။   Read More |

05 May 2018

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် လွယ်ရင်တောင်ပေါ်၌ တည်ရှိသော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၏စခန်းအား မြန်မာတပ်မတော်မှ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် လွယ်ရင်တောင်ပေါ်၌ တည်ရှိသော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၏စခန်းအား မြန်မာတပ်မတော်မှ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။   Read More |

05 May 2018

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် တွင်းဖြစ်ပွားခဲ့သောတိုက်ပွဲတွင် ဒေသခံများထွက်ပြေးတိမ်းရှောင်နေခဲ့ရ

မေလ ၄ ရက်နေ့ နံနက် ၈း၀၀ နာရီမှ စတင်ပြီး နေ့လည် ၂း၀၀ နာရီ ကျော် အထိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မိုင်းယင်ကျေးရွာအုပ်စု(ရွာမ) အရှေ့မြောက်ဘက်ရှိ ဝမ့်ဆာအွန်းနား၌ သျှမ်းပြည်တိုးတက်ရေးပါတီ(SSPPP) နှင့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေစဉ်ကာလအတွင်းတွင် မြန်မာ့တပ်မတော်မှ တစ်မိုင်ကျော်၌ စောင့်ဆိုင်းနေခဲ့သည်။ တိုက်ပွဲကြောင့် ဒေသခံ ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။   Read More |

04 May 2018

တအန်းတပ်မတော်နှင့် မြန်မာ့စစ်တပ်တို့ တိုက်ပွဲ ၂ နေရာဖြစ်ပွား

တအန်းပြည်နယ် တပ်မဟာ ၂ နယ်မြေ ကျောက်မဲမြို့နယ် တော့စန်ကျေးရွာ အနီးနှင့် ညောင်ပန်လ အထက် လွယ်ယင်တောင်ကြောပေါ်တွင် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် မြန်မာ့စစ်တပ် တို့ မေလ ၂ ရက်နေ့တွင် တိုက်ပွဲ ၂ နေရာဖြစ်ပွားခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။   Read More |

Newsletter